ရုရှားအဆင့်မြင့် Su-34 စူပါဆိုးနစ်ဗုံးကြဲတိုက် လေယာဉ်ဖြင့် ယူကရိန်း အမာခံစခန်းပစ်မှတ်ကို အောင်မြင်စွာ ဗုံးကြဲပစ်ချ
Su 35 S ဘက်စုံသုံး တိုက်လေယာဉ် လိုက်ပါခြံရံလျက် ရုရှားလေကြောင်း၏ Su-34 အမျိုးအစား ဘက်စုံသုံး အသံထက်မြန်သည့် စူပါဆိုးနစ်ဗုံးကြဲတိုက် လေယာဉ် တစ်စင်းသည် Kursk ဒေသရှိ ယူကရိန်းစစ်တပ်၏ အမာခံတပ်စခန်းချရာ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်လိုက်ရာ တပ်စခန်းများနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များစွာ ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါသည်။
ရုရှား၏ အဆင့်မြင့် Su-34 ဗုံးကြဲတိုက်လေယာဉ်သည် Su 35S တိုက်လေယာဉ်နှင့်အတူခြံရံ၍ အခြေစိုက်လေတပ်စခန်းမှ ထွက်ခွာသွားကာ ယူကရိန်းစစ်တပ်၏ အမာခံတပ်စခန်း ပစ်မှတ်များကို အောင်မြင်စွာ ဗုံးကြဲပစ်ချနိုင်ခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့ဝင် အများအပြား ထိမှန်သွားကြောင်း၊ အဆိုပါတိုက်လေယာဉ်များမှာ တိုက်ခိုက်ရေးတာဝန်ပြီးဆုံးပြီးနောက် သက်ဆိုင်ရာအခြေစိုက်လေတပ်စခန်းသို့ ချောချောမောမော ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား - TASS
Photo- The National Interest