ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံး

News Image

ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံး

ဂါဇာစီးတီး   ဇန်နဝါရီ ၉

ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လည်လွှတ်ပေးရေးညှိနှိုင်းမှုများကို ကာတာနိုင်ငံတွင် ဆွေးနွေးချက်ရှိစဉ် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်လျက်ရှိရာ သေဆုံးသည့် ကလေးငယ်အရေအတွက် ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ကုလုသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယားနိုင်ငံ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန်အနိမ့်ဆုံးအဆင့်အထိ ကျဆင်းမည်

News Image

ကိုရီးယားနိုင်ငံ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန်အနိမ့်ဆုံးအဆင့်အထိ ကျဆင်းမည်

ဆိုးလ်    ဇန်နဝါရီ ၉

ကိုးရီးယားနိုင်ငံ၏ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန် အနုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းနိုင်ခြေရှိသည့်အတွက် အအေးဆုံးရာသီဥတုကို ကြုံတွေ့ခံစားရရနိုင်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုရီးယားမိုးလေဝသ စီမံခန့်ခွဲမှုဌာနက ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် အပူချိန်သည် အနုတ် ၂၁ ဒီဂရီဆဲလ်စီးယပ်မှ ၅ ဒီဂရီဆဲလ်စီးယပ်ကြားရှိနိုင်ပြီး ဇန်နဝါရီ ၉ ရက် အပူချိန်ထက် ပိုမိုကျဆင်းမည်ဟု ခန့်မှန်းထားသည်။

ဘိုလီးဗီးယားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၆ ဦး သေဆုံး

News Image

ဘိုလီးဗီးယားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၆ ဦး သေဆုံး

လာပက်ဇ်    ဇန်နဝါရီ ၉

ဘိုလီးဗီးယားနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ တိုးလာပြီး မိသားစု ၁၆၀၀၀ ကျော် ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ