အမေရိကန်ဝင်ထွက်မှုကို ပိတ်ပင်တားဆီးမည်ဟု ကနေဒါအတိုက်အခံ ခေါင်းဆောင်က ကတိပြု ပြောကြား

News Image

အမေရိကန်ဝင်ထွက်မှုကို ပိတ်ပင်တားဆီးမည်ဟု ကနေဒါအတိုက်အခံ ခေါင်းဆောင်က ကတိပြု ပြောကြား

ကနေဒါ အတိုက်အခံကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် Pierre Poilievre သည် ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အာတိတ်ဒေသ အပါအဝင် ကနေဒါ နယ်နိမိတ်လုံခြုံရေးအတွက် အမေရိကန် ဝင်ထွက်မှုကိစ္စကို ပိတ်ပင်တားဆီးမည်ဟု ကတိပြုပြောကြားလိုက်သည်။ 

ဂရင်းလန်းနှင့် ပနားမား တူးမြောင်းတို့ကို ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများကို ထရမ့် အရှိန်မြှင့်

News Image

ဂရင်းလန်းနှင့် ပနားမား တူးမြောင်းတို့ကို ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများကို ထရမ့် အရှိန်မြှင့်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းအား ရယူပိုင်ဆိုင်ခွင့်ကို လက်လျှော့မည်မဟုတ်ဘဲ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်အတွက် ဝယ်ယူရန် လိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

“ဒိန်းမတ်နိုင်ငံပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်း သို့မဟုတ် ပနားမားနိုင်ငံပိုင်ပနားမားတူးမြောင်းကို ရယူပိုင်ဆိုင်ရန်အတွက် စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ အကြပ်ကိုင်မည်လား” ဟု မေးမြန်းရာတွင် ထရမ့်က “နှစ်ခုလုံးကို အာမ မခံနိုင်ကြောင်း" တုံ့ပြန်ပြောကြားခဲ့သည်။

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြား

News Image

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြား

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

မက္ကဆီကိုမှ အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် များပြားလာခြင်းနှင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုတွင် အမေရိကန်ဖက်၌ လိုငွေ အများအပြားရှိနေခြင်းတို့နှင့်ဆက်စပ်၍ ဒေါ်နယ်ထရမ့် က အဆိုပါကိစ္စကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 

ဟနွိုင်းမြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ

News Image

ဟနွိုင်းမြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ထိပ်ဆုံးက ရပ်တည်နေကြောင်း အစိုးရက ပြောကြားပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန် လျှပ်စစ်ကား (EVs) များ ပိုမိုအသုံးပြုကြရန်လည်း တိုက်တွန်းထားသည်ဟု သိရှိ ရသည်။