ထရမ့်၏ ဂရင်းလန်းနှင့်ပတ်သက်သည့် အစီအစဉ်များအပေါ် ဘလင်ကန် မှတ်ချက်ပြု

News Image

ထရမ့်၏ ဂရင်းလန်းနှင့်ပတ်သက်သည့် အစီအစဉ်များ အပေါ် ဘလင်ကန် မှတ်ချက်ပြု

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ Greenland နှင့်ပတ်သက်သော အစီအစဉ်များသည် သင့်လျော်မှုမရှိသလို ဖြစ်လာနိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောကြားခဲ့သည်။

အာတိတ်ကျွန်းအား ထိန်းချုပ်ခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးကိစ္စရပ်ဖြစ်သည်ဟု ထရမ့်က အကြောင်းပြခဲ့သော်လည်း အင်အားသုံး၍ သိမ်းယူ ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဘလင်ကန်က ဖြစ်မြောက်လာမည် မဟုတ်သည့် ကိစ္စရပ်အတွက် အချိန်မဖြုန်းသင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

News Image

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီး မြှုပ်နှံမည်

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါကြေညာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ ကျင်းပခဲ့ သည့် ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင် အရာရှိချုပ် Satya Nadella က ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆက်လက်တောင်းဆိုသွားမည်ဟု Hidankyo ပူးတွဲ ဥက္ကဋ္ဌ ကတိပြု

News Image

၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆက်လက်တောင်းဆိုသွားမည်ဟု Hidankyo ပူးတွဲ ဥက္ကဋ္ဌ ကတိပြု

ဟီရိုရှီးမားနှင့် နာဂါဆာကီတွင် အဏုမြူဗုံးကြဲချခံခဲ့ရခြင်း နှစ် ၈၀ ပြည့်မြောက်သည့် ၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆက်လက် တောင်းဆိုသွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း Nihon Hidankyo ၏ ပူးတွဲဥက္ကဋ္ဌ Mimaki Toshiyuki က ပြောကြားခဲ့ပါသည်။

အဆိုပါအဖွဲ့သည် ၁၉၄၅ ခုနှစ် အဏုမြူဗုံးကြဲချခံရမှုမှ အသက်ရှင်လွတ်မြောက်လာသူများကို ကိုယ်စားပြုပြီး ၂၀၂၄ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ ရသည်။

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

News Image

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။