တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က အရေးပေါ် အခြေအနေ ထုတ်ပြန်

News Image

  • တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က အရေးပေါ် အခြေအနေ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့်   ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ခန့်မှာ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ရာသီဥတုခြောက်သွေ့မှုကြောင့်  မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားမည့် အန္တရာယ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂက်ဗင်နယူးဆန်က  ဇန်နဝါရီလ ၇  ရက်တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ  တောမီးလောင်ကျွမ်းမှုသည် ကနဦးတွင်  လော့အိန်ဂျလိမြို့ရှိ Pacific Palisades ရပ်ကွက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၇ ရက် မွန်းလွဲအချိန်မှာပင် သစ်တောဧက ၁၂၆၀ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုအတွင်း နေအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး အခြားနေအိမ် ၁၀၀၀၀ ခန့်မှာ မီးလောင်ကျွမ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြို့တော်မီးသတ်တပ်ဖွဲ့ အကြီးအကဲ   ခရစ်စတင်းအမ်ခရောင်လီက မီဒီယာများသို့ ပြောကြားသည်။ 

Source: Myawady Webportal