နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်သင့်ကြောင်း ထရမ့် ပြောကြား
News Image

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံအလိုက် GDP ၏ ၅ ရာခိုင်နှုန်းအထိတိုးမြှင့်သင့်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့် က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
နေတိုးအဖွဲ့ဝင်များ၏ ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းမဟုတ်ဘဲ ၅ ရာခိုင်နှုန်း ရှိသင့်ကြောင်း ၎င်းကဆိုသည်။