ဥရောပသမဂ္ဂ၏ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုကို နောက်ထပ် ၆ လ သက်တမ်းတိုး
News Image

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို နောက်ထပ် ၆ လ သက်တမ်းတိုးရန် သဘောတူညီခဲ့ ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့မှ TASS သို့ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် အဆိုပါပိတ်ဆို့အရေးယူမှုကို ထပ်မံသက်တမ်းတိုးလိုက်ကြပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် ကိုယ်စားလှယ် Kaja Kallas က နောက်ပိုင်းတွင် ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားပါသည်။