အိန္ဒိယကြီးချုပ် မိုဒီ ဖေဖော်ဝါရီလတွင် အမေရိကန်သို့ သွားရောက်မည်

News Image

အိန္ဒိယကြီးချုပ် မိုဒီ ဖေဖော်ဝါရီလတွင် အမေရိကန်သို့ သွားရောက်မည်

ဇန်နဝါရီ ၂၇ ရက်နေ့တွင် ခေါင်းဆောင်နှစ်ဦးကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအကြာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီသည် ဖေဖော်ဝါရီလတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ဖွယ်ရှိပြီး အမေရိကန်သည် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရက အမေရိကန်ခရီးစဉ်ကို တရားဝင်အတည်မပြုသေးသော်လည်း ခေါင်းဆောင်နှစ်ဦး၏ ဖုန်းခေါ်ဆိုမှုအတွင်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

TikTok ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်ချမည်ဟု ထရမ့်ဆို

News Image

TikTok ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်ချမည်ဟု ထရမ့်ဆို

Short Video Social Media Platform “TikTok” ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၅ ရက်တွင်ဆိုခဲ့သည်။ အမေရိကန်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ပိုင်ခွင့်ကိုရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ တိုက်ရိုက်လေကြောင်းပျံသန်းရေး သဘောတူညီချက် ရယူနိုင်ခဲ့

News Image

အိန္ဒိယနှင့်တရုတ်တို့သည် ငါးနှစ်ကြာ ဆိုင်းငံ့ထားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရန် မူအားဖြင့်သဘောတူညီခဲ့ကြပြီး နယ်နိမိတ်ပြဿနာများကြောင့် နှစ်ရှည်လများ တင်းမာ နေသည့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့သို့ခြေလှမ်းသစ် လှမ်းလာနိုင်ခဲ့သည်။နိုင်ငံခြားရေးအတွင်းဝန် Vikram Misri သည် ပေကျင်းသို့ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။   Covid-19 ကပ်ရောဂါကြောင့် အိန္ဒိယနှင့်တရုတ်ကြား တိုက်ရိုက်လေကြောင

အိန္ဒိယနှင့်တရုတ်တို့သည် ငါးနှစ်ကြာဆိုင်းငံ့ထားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် မူအားဖြင့်သဘောတူညီခဲ့ကြပြီး နယ်နိမိတ်ပြဿနာများကြောင့် နှစ်ရှည်လများ တင်းမာနေသည့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့သို့ခြေလှမ်းသစ် လှမ်းလာနိုင်ခဲ့သည်။ နိုင်ငံခြားရေးအတွင်းဝန် Vikram Misri သည် ပေကျင်းသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။ 

နှင်းတောင်ပေါ်မှ ပြုတ်ကျခဲ့သူ Apple Watch ကြောင့် အသက်ကယ်တင်နိုင်ခဲ့

News Image

နှင်းတောင်ပေါ်မှ ပြုတ်ကျခဲ့သူ Apple Watch ကြောင့် အသက်ကယ်တင်နိုင်ခဲ့

Apple Watch က လွန်ခဲ့သည့်သီတင်းပတ်အတွင်း လူ ၃ ဦးကို ကယ်တင်သွားခဲ့ပါသည်။ ဇန်နဝါရီ ၂၂ ရက်နေ့ အာရုံတက်ချိန်၌ Chelan ကောင်တီရဲဌာနသို့ Apple Watch ဆီမှ ဂြိုလ်တု SoS အကူအညီတောင်းမှုတစ်ခု ဝင်လာခဲ့ပြီး နှင်းလျှောစီးစကိတ်သမားတစ်ဦးသည် ဒဏ်ရာရရှိထားပြီး အကူအညီလိုအပ်နေကြောင်းနှင့် ပေတစ်ထောင်အမြင့်မှ ပြုတ်ကျခဲ့ကြောင်း အရေးပေါ် မက်ဆေ့ဝင်လာခဲ့သည်ဟု သိရှိရသည်။