အာတိတ်ဒေသလုံခြုံရေး ဒိန်းမတ် ဘီလီယံချီ သုံးစွဲမည်
News Image

ဒိန်းမတ်သည် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဖြစ်သည့် ဂရင်းလန်းကျွန်းနှင့် Faroe ကျွန်းစုတို့နှင့် ပူးပေါင်း၍ အာတိတ်ဒေသလုံခြုံရေးကို အဆင့်မြှင့်တင်ရန် ခရိုနာ ၁၄.၆ ဘီလီယံ (ဒေါ်လာ ၂.၀၅ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွင် အာတိတ်သင်္ဘောသစ် ၃ စင်းနှင့် အဆင့်မြင့် ရုပ်ပုံဖမ်းနိုင်စွမ်းနှင့် ပိုမိုအားကောင်းသော ဂြိုလ်တုစွမ်းရည်ပါရှိသည့် တာဝေးပစ်ဒရုန်းများ ပါဝင်ပါသည်။