Woven City သို့မဟုတ် AI နှင့် အခြားနည်းပညာများကို အသုံးပြု၍ တည်ဆောက်ထားသည့် အနာဂတ်မြို့

News Image

Woven City သို့မဟုတ် AI နှင့် အခြားနည်းပညာများကို အသုံးပြု၍ တည်ဆောက်ထားသည့် အနာဂတ်မြို့

ဂျပန်ကားပညာကုမ္ပဏီကြီးတစ်ခုက ဖန်တီးတည်ဆောက်လျက်ရှိသည့်  ကမ္ဘာ့ပထမဆုံးသော အနာဂတ်မြို့ကြီးသည် မကြာမီကာလအတွင်း မြို့အတွင်းနေထိုင်မည့်သူများကို   လက်ခံတော့မည်ဖြစ်သည်။

Woven City ဟု အမည်ပေးထားသည့် အဆိုပါအနာဂတ်မြို့ကြီးကို တိုယိုတာကားကုမ္ပဏီက ဖူဂျီတောင်ခြေတွင် ၂၀၂၁ ခုနှစ်မှစ၍    တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းမြို့တွင်  ဉာဏ်ရည်တုနည်းပညာ (AI) နှင့် အခြားနည်းပညာကိုအသုံးပြု၍ တည်ဆောက်ထားသည့် စမတ်နေအိမ် အနည်းဆုံး ၁၁ လုံးပါဝင်မည်ဖြစ်သည်။

ဩစတြေးလျအရှေ့တောင်ပိုင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဒေသအများအပြားတွင် မီးအသုံးပြုမှုတားမြစ်ချက်များထုတ်ပြန်

News Image

ဩစတြေးလျအရှေ့တောင်ပိုင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဒေသအများအပြားတွင် မီးအသုံးပြုမှုတားမြစ်ချက်များထုတ်ပြန်

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဇန်နဝါရီလ ၂၇ ရက်က အပူလှိုင်းဖြတ်သန်းမှုကြောင့်  အာဏာပိုင်အဖွဲ့က ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ဒေသအများအပြားတွင်    မီးအသုံးပြုမှုနှင့်စပ်လျဉ်း၍တားမြစ်ချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။

အပူလှိုင်းဖြတ်သန်းမှုဖြစ်ပွားစဉ် ဗစ်တိုးရီးယားပြည်နယ်ရှိ မဲလ်ဘုန်းမြို့တွင်အပူချိန်သည် ၄၁ ဒီဂရီအထိမြင့်တက်လာနိုင်ကြောင်း  မိုးလေဝသဌာနက  ခန့်မှန်းထားသည်။ အဆိုပါအပူချိန်သည် မဲလ်ဘုန်းမြို့၏    ဇန်နဝါရီလအတွင်း  အမြင့်ဆုံးအပူချိန်ထက် ၁၄ ဒီဂရီမြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်က တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေး

News Image

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်က တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေး

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် နွေဦးပွဲတော်ကျင်းပရန်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်ရန် အခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

နွေဦးပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးပါဆုံး ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မိသားစုများအတူတကွ ပြန်လည်ဆုံစည်းကြသည့် ထူးခြားသော အခါသမယလည်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူးကြီး Cao Jing က အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံထုတ် DeepSeek အက်ပလီကေးရှင်း ChatGPTထက်ကျော်တက်

News Image

တရုတ်နိုင်ငံထုတ် DeepSeek အက်ပလီကေးရှင်း ChatGPTထက်ကျော်တက်

တရုတ်နိုင်ငံထုတ် ဥာဏ်ရည်တု (AI) အက်ပလီကေးရှင်း DeepSeek သည် ChatGPT နှင့် အခြားအက်ပလီကေးရှင်းများကို ကျော်တက်ပြီးအမေရိကန်၊ ယူကေနှင့် တရုတ်တို့တွင် Apple ၏ App Store ၌ လူကြိုက်များသော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာပါသည်။

စတင်မိတ်ဆက်ခဲ့သည့် ဇန်နဝါရီလမှစတင်၍ Deep Seek သည် လူသုံးများလာခဲ့ပြီး AI ကမ္ဘာတွင် အမေရိကန်ကသာ ထိပ်တန်းဖြစ်သည်ဆိုသော အချက်ကို စိန်ခေါ် နိုင်ခဲ့ပါသည်။