မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ခြောက်ဦးအား လုယက်ရာမှရရှိသည့် သက်သေခံ ဆိုင်ကယ် သုံးစီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
News Image

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။