လူတစ်ဦးအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျမည့် AI နည်းပညာသုံး မြေအောက်လူနေဘန်ကာ

News Image

လူတစ်ဦးအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျမည့် AI နည်းပညာသုံး မြေအောက်လူနေဘန်ကာ
လူတစ်ဦးအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျမည့် AI နည်းပညာသုံး မြေအောက်လူနေဘန်ကာ

အမေရိကန်အခြေပြု SAFE ကုမ္ပဏီသည် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ AI နည်းပညာသုံး မြေအောက်လူနေဘန်ကာတစ်ခုကို တည်ဆောက်လျက်ရှိသည်။

အဆိုပါ လူနေဘန်ကာတည်ဆောက်မည့် စီမံကိန်းကို Aerie ဟုအမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစ၍ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။

SAFE ကုမ္ပဏီသည် အဆောက်အအုံများကို လုံခြုံရေးအတွက် အဓိကအာရုံစိုက်တည်ဆောက်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏ မြေအောက်လူနေဘန်ကာကြီးကို ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

News Image

အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပန်းတိုင်ရောက်သူများနှင့် ပန်းတိုင်ပျောက်သူများ

မြန်မာနိုင်ငံရဲ့ တောင်တန်းပြည်မတိုင်းရင်းသားများ၏ ပကတိအရှိတရားများကို အများအပြောကိုနားမယောင်ဘဲ ကိုယ်တိုင်လက်တွေ့ကျကျ ရှုမြင် သုတေသနပြုကြည့်လျှင် သဘောရိုးနဲ့မြင်နိုင်စရာ သက်သေအချက်ပေါင်း မြောက်မြားစွာရှိပါတယ်။ ယင်းတို့ထဲမှ အရပ်သားပြည်သူများ နားလည်လွယ်နိုင် သောအချက်တချို့ကို ထုတ်နုတ်တင်ပြသွားပါမယ်။

၁။ အောင်မြင်သော တိုင်းရင်းသားများ၊ အခြား ဘာသာဝင်များနှင့် ၎င်းတို့၏ ပင်ကိုအစွမ်းအစ

ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ ကျင်းပ

News Image

ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ ကျင်းပ

အစ္စလာမာဘတ်    ဇန်နဝါရီ ၂၇

ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ကို ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် စွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော စွမ်းအင်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။