နေရပ်ပြန်များကို ပြန်လည်လက်မခံလျှင် အခွန်တိုးမည် ဟုဆိုခြင်းကြောင့် လက်ခံလိုက်ရ

News Image

နေရပ်ပြန်များကို ပြန်လည်လက်မခံလျှင် အခွန်တိုးမည် ဟုဆိုခြင်းကြောင့် လက်ခံလိုက်ရ

ဒေါ်နယ်ထရမ့်သမ္မတဖြစ်သည့် ဇန်နဝါရီ ၂၀ ရက်နေ့ တွင်ပင် အမေရိကန်နိုင်ငံအတွင်းမှ အထောက်အထားမဲ့ ရွှေ့ပြောင်းများကိုနှင်ထုတ်ရန် သမ္မတလုပ်ပိုင်ခွင့်အား အသုံးပြုကာ လက်မှတ်ရေးထိုးခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်နေ့မှစတင်ကာ အမေရိကန်မြို့များရှိ အထောက်အထားမဲ့ရွှေ့ပြောင်းများကို လူဝင်မှုကြီးကြပ်ရေးကလိုက်လံဖမ်းဆီးပြီး လေယာဉ်ပေါ်တင်ကာ နေရပ်နိုင်ငံသို့ပြန်ပို့ခဲ့သည်။ သို့သော် မက္ကဆီကိုနှင့်ကိုလံဘီယာက ၎င်းတို့နိုင်ငံသားများကို ပြန်လည်လက်မခံဘဲ လေယာဉ်ကိုလည်း ဆင်းခွင့်မပြုခဲ့ပေ။

အစ္စရေးကို အကြီးစားဗုံးများပေးပို့မှု ပြန်လည်စတင်ရန် အမေရိကန်သမ္မတ ခွင့်ပြု

News Image

အစ္စရေးကို အကြီးစားဗုံးများပေးပို့မှု ပြန်လည်စတင်ရန် အမေရိကန်သမ္မတ ခွင့်ပြု

အကြီးစားဗုံးများ အစ္စရေးသို့ပေးပို့ခြင်းနှင့်ပတ်သက်၍ ယခင်သမ္မတ ဂျိုးဘိုင်ဒင် ပိတ်ပင်ထားသည့် အမိန့်ကို ဖယ်ရှားရန်အမိန့်ပေးလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၆ ရက်နေ့က အနောက်ပိုင်း နီဗားဒါးပြည်နယ်မှ ဖလော်ရီဒါခရီးစဉ်တွင် ထရမ့်က သတင်းထောက်များ၏ မေးခွန်းများအား ပြန်လည်ဖြေကြားစဉ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

စွဲချက်တင်ခံထားရသည့် တောင်ကိုရီးယားသမ္မတ ရာဇ၀တ်မှုဆိုင်ရာတရားစီရင်မှုကို ရင်ဆိုင်ရဖွယ်ရှိ

News Image

စွဲချက်တင်ခံထားရသည့် တောင်ကိုရီးယားသမ္မတ ရာဇ၀တ်မှုဆိုင်ရာတရားစီရင်မှုကို ရင်ဆိုင်ရဖွယ်ရှိ

ဒီဇင်ဘာလတွင် ခေတ္တသာကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးကျင့်သုံးမှုကိုကြေညာပြီး ပုန်ကန်မှုကိုဦးဆောင်ခဲ့သည် ဟူသောစွဲချက်နှင့် သမ္မတ Yoon Suk-yeol ကို တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးအရာရှိများက ဇန်နဝါရီ ၂၆ ရက်နေ့တွင် စွဲချက်တင်ခဲ့ပါသည်။

ဆူဒန်၌ ဆေးရုံကို သူပုန်များဝင်တိုက်၍ လူဒါဇင်ချီ သေဆုံး

News Image

ဆူဒန်၌ ဆေးရုံကို သူပုန်များဝင်တိုက်၍ လူဒါဇင်ချီ သေဆုံး

ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ ဆေးရုံတစ်ရုံကို သူပုန်အဖွဲ့များဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ဒါဇင်နှင့်ချီကာသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ 

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF)နှင့် အရပ်သားအစိုးရတို့ အသွင်ကူးပြောင်းမှုအပေါ် တင်းမာမှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလလယ်ပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပေါ်ကာ လူပေါင်းသောင်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူများအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။