ဟန်ဂေရီအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုတ်သိမ်းနိုင်
News Image

သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်၌ ချမှတ်ထားသော ဟန်ဂေရီအပေါ် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်ရန် အမေရိကန်က ကတိပြုထားသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဖုန်းပြောဆိုမှုအပြီးတွင် ဝါရှင်တန်သည် Budapest နှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ကတိပြုထားကြောင်း Szijjarto က ပြောကြားခဲ့သည်။