တရုတ်နိုင်ငံထုတ် DeepSeek အက်ပလီကေးရှင်း ChatGPTထက်ကျော်တက်
တရုတ်နိုင်ငံထုတ် ဥာဏ်ရည်တု (AI) အက်ပလီကေးရှင်း DeepSeek သည် ChatGPT နှင့် အခြားအက်ပလီကေးရှင်းများကို ကျော်တက်ပြီးအမေရိကန်၊ ယူကေနှင့် တရုတ်တို့တွင် Apple ၏ App Store ၌ လူကြိုက်များသော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာပါသည်။
စတင်မိတ်ဆက်ခဲ့သည့် ဇန်နဝါရီလမှစတင်၍ Deep Seek သည် လူသုံးများလာခဲ့ပြီး AI ကမ္ဘာတွင် အမေရိကန်ကသာ ထိပ်တန်းဖြစ်သည်ဆိုသော အချက်ကို စိန်ခေါ် နိုင်ခဲ့ပါသည်။
ထို app သည်DeepSeek-V3 model ဖြစ်ပြီး ဒေါ်လာ 6 သန်းအောက်သာ တန်ဖိုးကျသင့်သောကြောင့် ပြိုင်ဖက် app များထက် သိသိသာသာ ဈေးချိုသည်ဟု သိရှိရပါသည်။
ကိုးကား -BBC
MM-News-Category