တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုက ပထမဆုံးအကြိမ်အဖြစ် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်လွန်
News Image

တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်တွင် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်လွန်လာခဲ့သည်။
တရုတ်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၂၄ သန်း ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် တန်ချိန်ပေါင်း ၂၁၃ သန်းအထိမြင့်တက်လာသည်။
ထို့ပြင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင်လည်း ပြီးခဲ့သည့်နှစ်တွင် ၂၄၆ ဒသမ ၄ ဘီလီယံ ကုဗမီတာအထိမြင့်တက်လာခဲ့ကြောင်း တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည်။