လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသည့် o3 mini AI model အသစ် OpenAI မကြာမီ မိတ်ဆက်မည်

News Image

လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသည့်   o3 mini AI model အသစ် OpenAI မကြာမီ မိတ်ဆက်မည်

ChatGPT ထုတ်လုပ်သူ OpenAI သည် လူသား များကဲ့သို့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသော AI မော်ဒယ်အသစ်ဖြစ်သည့်  o3 mini ဗားရှင်းအသစ်ကို ဇန်နဝါရီလ ကုန်ပိုင်းခန့်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း  CEO Sam Altman ကပြောကြားထားသည်။

သုံးစွဲသူများ၏ တုံ့ပြန်ချက်များကို ထည့်သွင်းစဉ်းစားပြီး အကျိုးဆက်အနေဖြင့် ကြားခံဆက်သွယ်ပေးနိုင်မည့် ကွန်ပျူတာနည်းစနစ်များဖြစ်သည့်  (API)နှင့်ChatGPT ကိုလည်း  တစ်ပြိုင်နက် မိတ်ဆက်ရန်  စီစဉ်နေကြောင်း Altman က ဆိုရှယ်မီဒီယာ ပလက်ဖောင်း X  တွင် ပြောကြားထားပါသည်။

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးသည် ရုရှားနှင့် သဘောတူညီချက်တစ်ခုပြုလုပ်ရန် အသင့်ရှိကြောင်း ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ ပြောကြား

News Image

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးသည် ရုရှားနှင့် သဘောတူညီချက်တစ်ခုပြုလုပ်ရန် အသင့်ရှိကြောင်း ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ ပြောကြား

ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် ဇီလန်စကီးနှင့် သဘောတူညီချက်တစ်ခု ရရှိထားကြောင်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတပူတင်နှင့် စကားပြောဆိုပြီးမှသာ ယူကရိန်း ပဋိပက္ခအဆုံးသတ်ရန် ဖြစ်နိုင်ခြေရှိသော အချိန်အတိုင်းအတာကို နားလည်နိုင်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။

ထို့အပြင် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သော်လည်း ရက်အတိအကျ မသတ်မှတ်ရ သေးကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-The White House

ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တူရကီတွင် ကျင်းပမည်ဟု ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ဖီကို ပြောကြား

News Image

ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို တူရကီတွင် ကျင်းပမည်ဟု ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ဖီကို ပြောကြား

ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တူရကီတွင် ကျင်းပမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ဖီကို က ဖွင့်ဟ ပြောကြား လိုက်ပါသည်။

တူရကီသမ္မတ Recep Tayyip Erdogan နှင့် Ankara ၌ တွေ့ဆုံပြီးနောက် ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က တူရကီသည် ၎င်း၏ ပိုင်နက် နယ်မြေ၌ ပဋိပက္ခတွင် အဓိက ပါဝင်ပတ်သက်သူများကြား ဆွေးနွေးပွဲများကို လက်ခံကျင်းပနိုင်ပြီး ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အဖွင့်မိန့်ခန်း၌ “အမေရိကန်၏ ဩဇာအာဏာ” သည် စစ်ပွဲအားလုံးကို ရပ်တန့်ပြီး ကမ္ဘာ့စည်းလုံးညီညွတ်မှုအသစ်ကို ဆောင်ကြဉ်း ပေးမည်ဟု ကတိပြု

News Image

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အဖွင့်မိန့်ခန်း၌ “အမေရိကန်၏အာဏာ” သည် စစ်ပွဲအားလုံးကို ရပ်တန့်ပြီး ကမ္ဘာ့စည်းလုံးညီညွတ်မှုအသစ်ကို ဆောင်ကြဉ်း ပေးမည်ဟု ကတိပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အဖွင့်မိန့်ခန်း၌ “အမေရိကန်၏ ဩဇာအာဏာ” သည် စစ်ပွဲအားလုံးကို ရပ်တန့်ပြီး ကမ္ဘာ့စည်းလုံးညီညွတ်မှု အသစ်ကို ဆောင်ကြဉ်း ပေးမည်ဟု ကတိပြုခဲ့ပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ရာထူး စတင်သည့်နေ့တွင် “သမိုင်းဝင်” အမိန့်များ ဆက်တိုက်ထုတ်မည်ဟု ကြေညာခဲ့ပါသည်။