မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာစီးပွားရေး ချိတ်ဆက်မှုများအား ဆွေးနွေးပေးစေလိုပါသည်။

၁။      မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် “အပြုသဘောဆောင်သည့် ကြားနေရေး" (Positive Neutrality) နိုင်ငံခြားရေးမူဝါဒဖြင့် ရပ်တည်ခဲ့ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ” (Independence Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ် ပါတီ ညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ" (Independent and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏

ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization) အဆိုးအကောင်း

၁။ နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင်လည်းကောင်း၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင် လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလတစ်လျှောက်လုံး ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ စီးပွားရေး အင်အားကြီးနိုင်ငံအချို့က ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများ ရှိလာသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်ဆက်စပ် နေသည

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲ

News Image

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲ

တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တရားဝင်အပစ်အခတ်ရပ်စဲရေးရရှိသွားပြီဖြစ်ကြောင်း၊ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ၇ ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍   ဇန်နဝါရီလ ၁၈ ရက်နေ့၊ ပေကျင်း စံတော်ချိန်၊ နေ့လယ် ၁၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နှင့်အမေရိကန်တို့ တောင်တရုတ်ပင်လယ်တွင် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်

News Image

ဖိလစ်ပိုင်နှင့်အမေရိကန်တို့ တောင်တရုတ် ပင်လယ် တွင် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်တွင် ပဥ္စမအကြိမ်မြောက် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။ 

ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်က Carl Vinson Carrier Strike Group၊ ပဲ့ထိန်းဒုံးကျည် နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet လေယာဉ် နှစ်စင်းတို့ ပါဝင်ကြောင်း၊ ဖိလစ်ပိုင်ဘက်က Antonio Luna ဖရီးဂိတ်သင်္ဘော၊ Andres Bonifacio ကင်းလှည့်သင်္ဘော၊ FA-50 တိုက်လေယာဉ်နှစ်စင်းနှင့် လေတပ် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ကျက် ချထားခဲ့ကြောင်း သိရပါသည်။