ပူတင်က ၎င်းကို လေးစားစွာ ဆက်ဆံခဲ့ဟု ထရမ့်ဆို

News Image

ပူတင်က ၎င်းကို လေးစားစွာ ဆက်ဆံခဲ့ဟု ထရမ့်ဆို

ဒေါ်နယ်ထရမ့်က လွန်ခဲ့သောလအတွင်း ပူတင်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ရာ၌ ပူတင်က ၎င်းအား လေးစားစွာပြောဆိုဆက်ဆံခဲ့ကြောင်းနှင့် ပူတင်သည် ယူကရိန်းနှင့် ပဋိပက္ခအား အမှန်တကယ် အဆုံးသတ်နေလိုပြီး ဝါရှင်တန်နှင့်မော်စကိုအကြား ပုံမှန်ဆက်ဆံရေးဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်ဟု ဆိုပါသည်။

ဘိုင်ဒင်လက်ထက်တွင် ဝါရှင်တန်နှင့်မော်စကိုတို့ ဆက်ဆံရေး ပျက်စီးခဲ့ရသော်လည်း ထရမ့် ဒုတိယအကြိမ် ပြန်လည်တာဝန်ယူပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ ခဲ့သည်။

Toyota အနာဂတ်မြို့တည်‌ဆောက်မှု ပထမအဆင့် ပြီးမြောက်

News Image

Toyota အနာဂတ်မြို့တည်‌ဆောက်မှု ပထမအဆင့် ပြီးမြောက်

Toyota Motor သည် တိုကျိုအနောက်တောင်ဘက်၌ မြို့ပြလူနေမှုဘဝနှင့် နည်းပညာအသစ်များ ပေါင်းစပ်ဖန်တီးထားသည့် အနာဂတ်မြို့ တည်ဆောက်မှု ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းများပြီးမြောက်ခဲ့ပြီး အကျယ်အဝန်း ၁၇၅ ဧက ခန့်ရှိမည့် ပထမအဆင့်တည်ဆောက်ရေး ပြီးမြောက်မှုနှင့် ပတ်သက်၍ Toyota က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြသခဲ့ပါသည်။

Toyota သည် “Woven City” ဟု အမည်ပေးထားသည့် စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်တွင် Shizuoka ခရိုင် Susono မြို့၌ လုပ်ငန်းစတင်ခဲ့ပါသည်။

ယူကရိန်းစစ်ပွဲ ၃ နှစ်ပြည့် အစီအစဉ်သို့ ကနေဒါဝန်ကြီးချုပ် တက်ရောက်

News Image

ယူကရိန်းစစ်ပွဲ ၃ နှစ်ပြည့် အစီအစဉ်သို့ ကနေဒါဝန်ကြီးချုပ် တက်ရောက်

ယူကရိန်းမြို့တော် ကိယက်ဗ်၌ ပြုလုပ်သည့် ယူကရိန်း-ရုရှား ၃ နှစ်ပြည့် အစီအစဉ်သို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး အပါအဝင် ဒါဇင် နှင့်ချီသော ဥရောပခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ 

နော်ဒစ်-ဘောလ်တစ် ၈ နိုင်ငံ ဟုခေါ်သော အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်တို့အပြင် ကနေဒါ၊ စပိန်နှင့် ဥရောပသမဂ္ဂမှ ခေါင်းဆောင်များသည် ယူကရိန်းထိပ်သီးဆွေးနွေးပွဲတွင် တက်ရောက်နေကြကြောင်း အက်စ်တိုးနီးယား၀န်ကြီးချုပ် ခရစ်တန်မီချယ်က ၎င်း၏ X ဆိုရှယ် မီဒီယာ၌ ကြေညာခဲ့ပါသည်။ 

ရုရှားအသုံးပြုနေသည့် လက်နက်ခဲယမ်း တစ်ဝက်ခန့်သည် မြောက်ကိုရီးယားမှလာခြင်းဖြစ်သည်ဟု ယူကရိန်းဆို

News Image

ရုရှားအသုံးပြုနေသည့် လက်နက်ခဲယမ်း တစ်ဝက်ခန့်သည် မြောက်ကိုရီးယားမှလာခြင်းဖြစ်သည်ဟု ယူကရိန်းဆို

ယူကရိန်းနှင့်စစ်ပွဲ၌ ရုရှားအတွက် ခဲယမ်းမီးကျောက်လိုအပ်ချက်၏ ၅၀ % ကို မြောက်ကိုရီးယားမှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ကီရေလိုဘူဒ်နောဗ် က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။