လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး ယာယီမသန်စွမ်းမှုဖြစ်ပွားပါက ရရှိမည့်ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေး အကျိုးခံစားခွင့်ကာလများကို သိရှိလိုပါသည်။
လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦး ယာယီမသန်စွမ်းမှု ဖြစ်ပွားပါကဒဏ်ရာ ပျောက်ကင်းသည်အထိ ဆေးကုသမှုအကျိုးခံစားခွင့်ရှိသည့်အပြင် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀% ကို အများဆုံး (၁၂) လ အထိ ခံစားခွင့် ရှိသည်။ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးပါက ထည့်ဝင်ကြေးကာလ အပိုင်းအခြားသတ်မှတ်ချက်မရှိဘဲ ခံစားခွင့်ရှိသည်။ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်အရ အလုပ်မလုပ်နိုင်သည့် ကာလကုန်ဆုံးသည့်နေ့မှစ၍ (၃)လအတွင်း တောင်းဆိုရမည်။ အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်သည့်နေ့မှစ၍ အရစ်ကျဖြင့် ရက်သတ္တပတ် ကုန်ဆုံးသည့်အခါဖြစ်စေ၊