အလူမီနီယံတင်ပို့ရေးအပါအဝင် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ ကဏ္ဍများအား အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင် ပြောကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏မြေရှားသတ္တုသိုက်များ ပူးတွဲရှာဖွေရေးအပြင် အမေရိကန် ပြည်တွင်း ဈေးကွက်သို့ အလူမီနီယံများ တင်သွင်းရေးဆိုင်ရာ အခွင့်အလမ်းနှင့်ပတ်သက်၍ အမေရိကန်အား ကမ်းလှမ်းခဲ့ပြီး နှစ်နိုင်ငံကြား အနာဂတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။