တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေး နှိုးဆော်

News Image

တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေး နှိုးဆော်

တံတားဦး၊ ဖေဖော်ဝါရီ - ၂၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး ၊ မီးဘေးသတိရှိရေး စသည်တို့ကို ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေ (၅) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။

ရုရှား၊ အမေရိကန်၊ တရုတ် ၃ နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်ကို ထက်ဝက် လျှော့ချရန် ပူတင်က သဘောတူညီပြီးနောက် တရုတ်က မိမိတို့အနေဖြင့် “လိုအပ်သလောက်သာ” အသုံးပြုကြောင်း ပြောကြား

News Image

ရုရှား၊ အမေရိကန်၊ တရုတ် ၃ နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်ကို ထက်ဝက် လျှော့ချရန် ပူတင်က သဘောတူညီပြီးနောက် တရုတ်က မိမိတို့အနေဖြင့် “လိုအပ်သလောက်သာ” အသုံးပြုကြောင်း ပြောကြား

ရုရှား၊ အမေရိကန်နှင့် တရုတ်တို့အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို ထက်ဝက်လျှော့ချ သုံးစွဲကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပြုချက်အပေါ် ပူတင်က ထောက်ခံခဲ့ပြီးနောက် မိမိတို့အနေဖြင့် “လိုအပ်သလောက်သာ” အသုံးပြုလျက်ရှိကြောင်း တရုတ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံ၏ စစ်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ များစွာမြင့်တက်ခဲ့သည့်နည်းတူ တရုတ်နိုင်ငံသည်လည်း ပြီးခဲ့သည့်နှစ်များအတွင်း အာရှ-ပစိဖိတ်ဒေသတွင်း တင်းမာမှုများကြောင့် ၎င်း၏ စစ်အသုံးစရိတ်မှာလည်း မြင့်တက်ခဲ့ရသည်။

ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း”ကို မဆိုလိုနိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က ပြောကြား

News Image

ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း”ကို မဆိုလိုနိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က ပြောကြား

ပြင်သစ်သမ္မတ မက်ခရွန် က ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း” ဟု မဆိုလိုနိုင်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် သတိပေးပြောဆိုခဲ့သည်။

ယူကရိန်းသည် ၎င်း၏လွတ်လပ်ရေးနှင့် ၎င်း၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက်သာမက မိမိတို့၏ လုံခြုံရေးအတွက်ပါ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တိုက်ပွဲဝင်ခဲ့ကြောင်း၊ ခိုင်မာသည့် ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်များအပေါ် ထပ်ကာထပ်ကာ ချိုးဖောက်ခြင်းကို ခံရနိုင်သည့် အဆိုပါနေရာမျိုးတွင် မည်သူမျှ နေထိုင် လိုမည်မဟုတ်ကြောင်း မက်ခရွန်က ပြောကြားခဲ့ပါသည်။