လူမှုဖူလုံရေး အာမခံအလုပ်သမားမျာ နာရေးစရိတ်ရရှိရန်အတွက် လျှောက်ထားရမည့်နည်းလမ်းများနှင့်လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။
လူမှုဖူလုံရေး အာမခံအလုပ်သမားများ မည်သည့်အကြောင်းကြောင့်မဆို သေဆုံးလျှင် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးတွင် အောက်ပါ အထောက်အထားများနှင့်တကွ နာရေးစရိတ် လျှောက်ထား ခွင့်ရှိပါသည်-
(က) မိမိအလုပ်သမားသေဆုံးသည်မှာ မှန်ကန်ကြောင်းအလုပ်ရှင်၏ ထောက်ခံစာ၊
(ခ) ကျန်ရစ်သူမိသားစု၏ နာရေးစရိတ်လျှောက်လွှာ၊
(ဂ) တာဝန်ခံဆရာဝန်မှ ထုတ်ပေးသည့် ဆေးလက်မှတ် သေစာရင်းပုံစံ၊
(ဃ) သေဆုံးမှုလက်မှတ် (သို့) ရပ်ကွက်ထောက်ခံစာ၊