ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံချက်စာချုပ်ကို ဥပဒေအဖြစ် လူကာရှန်ကို လက်မှတ်ရေးထိုး

News Image

ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံချက်စာချုပ်ကို ဥပဒေအဖြစ် လူကာရှန်ကို လက်မှတ်ရေးထိုး

မတ်လ ၄ ရက်တွင် ဘယ်လာရုစ်သမ္မတ အလက်ဆန်ဒါ လူကာရှန်ကို သည် ရုရှားနှင့် ဘယ်လာရုစ်တို့ကြားရှိ ပြည်ထောင်စုနိုင်ငံ (Union State) အတွင်း လုံခြုံရေးအာမခံချက်များနှင့်စပ်လျဉ်းသည့် စာချုပ်ကို ဥပဒေ အဖြစ် အသက်သွင်းရန် လက်မှတ်ရေးထိုးလိုက်ကြောင်း ဘယ်လာရုစ် သမ္မတရုံးကို ကိုးကား၍ ဘယ်လာရုစ်၏ နာမည်ကြီး BelTA သတင်းဌာန က ဖော်ပြထားပါသည်။

အမေရိကန်အစိုးရသစ်၏ စစ်ပွဲဆန့်ကျင်ရေးမူဝါဒကို ဘယ်လာရုစ် သမ္မတ ချီးကျူးပြောကြား

News Image

အမေရိကန်အစိုးရသစ်၏ စစ်ပွဲဆန့်ကျင်ရေးမူဝါဒကို ဘယ်လာရုစ် သမ္မတ ချီးကျူးပြောကြား

ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဆန်ဒါ လူကာရှန်ကိုက အမေရိကန် အစိုးရသစ်၏ ယူကရိန်းစစ်ပွဲဖြေရှင်းရန် အရှိန်မြင့် ဆောင်ရွက်နေသည့် ခြေလှမ်းအပေါ် ချီးကျူးပြောကြားလိုက်ပါသည်။

ယူကရိန်းစစ်ပွဲရပ်တန့်ရေး ဒေါ်နယ်ထရမ့်က အတော်လုပ်ဆောင်ခဲ့နိုင်ကြောင်း၊ ထရမ့်၏ ယခုမူဝါဒသည် လွန်စွာထက်မြက်သော အတွေးအခေါ် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးက အမေရိကန်-ရုရှား ဆက်ဆံရေး ယခု ကဲ့သို့ အလွန်လျင်မြန်စွာ ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားကြောင်း ဘယ်လာရုစ်နိုင်ငံသမ္မတက ဘယ်လာရုစ်နိုင်ငံ နာမည်ကြီး BelTA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားသွားပါသည်။

အမေရိကန် လိုချင်သည့် မည်သည့်စစ်ပွဲကိုမဆို တရုတ်က အဆုံးထိ တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း တရုတ်သံရုံးပြောကြား

News Image

အမေရိကန် လိုချင်သည့် မည်သည့်စစ်ပွဲကိုမဆို တရုတ်က အဆုံးထိ တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း တရုတ်သံရုံးပြောကြား

အကယ်၍ အမေရိကန်သည် တရုတ်အပေါ် မည်သည့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို လုပ်ဆောင်လာပါက မိမိတို့အနေဖြင့် အဆုံးစွန်ထိ တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း အမေရိကန် ဝါရှင်တန်ရှိ တရုတ်သံရုံးက ပြောကြား လိုက်ပါသည်။

စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက မင့်စ်ခ် မှာ အကောင်းဆုံးနေရာ ဟု ကရင်မလင် ပြောကြား

News Image

စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက မင့်စ်ခ် မှာ အကောင်းဆုံးနေရာ ဟု ကရင်မလင် ပြောကြား

ရုရှား၊ အမေရိကန်နှင့် ယူကရိန်းခေါင်းဆောင်တို့အနေဖြင့် မဆွေးနွေးရသေးသော်လည်း ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက ဘယ်လာရုစ်နိုင်ငံ မြို့တော် မင့်စ်ခ်သည် တွေ့ဆုံဆွေးနွေးရန် အကောင်းဆုံးနေရာဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက် ပါသည်။ 

ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိက မဟာမိတ်ဖြစ်ပြီး၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးကြမည်ဆိုပါက မိမိနိုင်ငံက အဆင်သင့်ဖြစ်ပါကြောင်း အစောပိုင်းက ပြောကြားထားပါသည်။ 

ကိုးကား-TASS