စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက မင့်စ်ခ် မှာ အကောင်းဆုံးနေရာ ဟု ကရင်မလင် ပြောကြား
ရုရှား၊ အမေရိကန်နှင့် ယူကရိန်းခေါင်းဆောင်တို့အနေဖြင့် မဆွေးနွေးရသေးသော်လည်း ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက ဘယ်လာရုစ်နိုင်ငံ မြို့တော် မင့်စ်ခ်သည် တွေ့ဆုံဆွေးနွေးရန် အကောင်းဆုံးနေရာဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက် ပါသည်။
ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိက မဟာမိတ်ဖြစ်ပြီး၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးကြမည်ဆိုပါက မိမိနိုင်ငံက အဆင်သင့်ဖြစ်ပါကြောင်း အစောပိုင်းက ပြောကြားထားပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category