အမေရိကန်အစိုးရသစ်၏ စစ်ပွဲဆန့်ကျင်ရေးမူဝါဒကို ဘယ်လာရုစ် သမ္မတ ချီးကျူးပြောကြား
ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဆန်ဒါ လူကာရှန်ကိုက အမေရိကန် အစိုးရသစ်၏ ယူကရိန်းစစ်ပွဲဖြေရှင်းရန် အရှိန်မြင့် ဆောင်ရွက်နေသည့် ခြေလှမ်းအပေါ် ချီးကျူးပြောကြားလိုက်ပါသည်။
ယူကရိန်းစစ်ပွဲရပ်တန့်ရေး ဒေါ်နယ်ထရမ့်က အတော်လုပ်ဆောင်ခဲ့နိုင်ကြောင်း၊ ထရမ့်၏ ယခုမူဝါဒသည် လွန်စွာထက်မြက်သော အတွေးအခေါ် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးက အမေရိကန်-ရုရှား ဆက်ဆံရေး ယခု ကဲ့သို့ အလွန်လျင်မြန်စွာ ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားကြောင်း ဘယ်လာရုစ်နိုင်ငံသမ္မတက ဘယ်လာရုစ်နိုင်ငံ နာမည်ကြီး BelTA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားသွားပါသည်။
ကိုးကား- TASS
Photo: Reuters
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category