ပဋိပက္ခမြေပုံ - မြန်မာ့အနောက်ဘက်ဒေသရှိ AA ၏ စစ်ပွဲ
News Image

စစ်မြေပြင်တွင် အောင်ပွဲများ ဆွတ်ခူးနိုင်သော်လည်း မြန်မာ့တပ်မတော် သည် AA ကို အခြားနည်းလမ်းများဖြင့် အနှောင့်အယှက်ပေးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်သည် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို အဓိကအားကိုးအားထား ပြုနေရဆဲ ဖြစ်ပါသည်။ သို့သော် ကြမ်းတမ်းသည့် ရိုးမတောင်တန်းများကြောင့်တပ်မတော်သည် ရခိုင်ပြည်နယ်သို့ စီးဝင်နေသော ကုန်စည်များကိုအလွယ်တကူ ပိတ်ဆို့နိုင်ပါသည်။ ပြည်မကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်သည့် အဓိက လမ်းမကြီး လေးသွယ်သာ ရှိပါသည်။