ဇီလန်စကီးသည် အမေရိကန်၏ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည်ဖြစ်သော်လည်း အိမ်ဖြူတော်အား ပြန်လည်တောင်းပန်ရန်ကိုမူ လစ်လျူရှု

News Image

ဇီလန်စကီးသည် အမေရိကန်၏ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည်ဖြစ်သော်လည်း အိမ်ဖြူတော်အား ပြန်လည်တောင်းပန်ရန်ကိုမူ လစ်လျူရှု

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် လွန်ခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်တွင် ကျင်းပခဲ့သောဆွေးနွေးပွဲ အကျည်းတန်စွာ ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အိမ်ဖြူတော်မှ လိုလားသည့် တောင်းပန်ရန်ကိစ္စကိုမူ လစ်လျူရှုခဲ့ကြောင်း သိရှိရ ပါသည်။ 

အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရပြော

News Image

အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရပြော

ရုရှားနိုင်ငံသည် အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်သည် နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲများ တွင် အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင် ပေးရန် သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။

မျိုးဗီဇစမ်းသပ်မှုပုံစံသစ် ဦးနှောက်ကင်ဆာလူနာ၏ ကင်ဆာဆဲလ်ဖယ်ရှားရာတွင် အထောက် အကူပေးနိုင်

News Image

မျိုးဗီဇစမ်းသပ်မှုပုံစံသစ် ဦးနှောက်ကင်ဆာလူနာ၏ ကင်ဆာဆဲလ်ဖယ်ရှားရာတွင် အထောက် အကူပေးနိုင်

နယူးယောက်  မတ် ၅

မျိုးဗီဇစမ်းသပ်မှု ပုံစံသစ်တစ်ရပ်သည် ဦးနှောက်ကင်ဆာရောဂါလူနာများ၏ ကင်ဆာ ဆဲလ်များကို ခွဲစိတ်ဖယ်ရှားရာတွင် များစွာ အထောက်အကူပေးနိုင်ကြောင်း မတ် ၄ သတင်း များတွင် ရေးသားဖော်ပြထားသည်။ 

အဆိုပါ မျိုးဗီဇစမ်းသပ်မှုနည်းသည် တစ်ရှူးနမူနာတစ်ခုအတွင်းရှိ ကင်ဆာဆဲလ်များပါဝင်မှု အဆင့်ကို ၁၅ မိနစ်အတွင်း တိုင်းတာဖော်ထုတ်ပေးနိုင်ကြောင်း နယူးယောက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု(ASEAN Prize 2025) လျှောက်ထားနိုင်ကြောင်းကြေညာချက်

၁။      အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025)ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-