ဟေတီနိုင်ငံ၌ ထိပ်တန်းဆေးရုံတစ်ရုံ လုံခြုံရေးပြဿနာများကြောင့် ပိတ်ထားရ

News Image

  • ဟေတီနိုင်ငံ၌ ထိပ်တန်းဆေးရုံတစ်ရုံ လုံခြုံရေးပြဿနာများကြောင့် ပိတ်ထားရ

ပေါ်တိုပရင့်စ်   ဧပြီ ၂၃

ဟေတီနိုင်ငံ၏ ထိပ်တန်းဆေးရုံတစ်ရုံဖြစ်သည့် မိုင်ရီဘယ်လစ်တက္ကသိုလ်ဆေးရုံကြီးမှာ လုံခြုံရေးအခြေအနေယိုယွင်းမှု ဆိုးရွားလာခြင်းကြောင့် ပိတ်ထားလိုက်ရပြီဖြစ်ကြောင်း ဧပြီ ၂၂ ရက်သတင်းများတွင် ဖော်ပြထားသည်။

လက်နက်ကိုင် ဂိုဏ်းအုပ်စုများက မိုင်ရီဘယ်လစ်မြို့အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိုင်ရီဘယ်လစ်တက္ကသိုလ်ဆေးရုံကြီးကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

၎င်းဆေးရုံသည် ဧပြီလအစောပိုင်းမှာပင် ပိတ်ထားခဲ့ရခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

ဆေးရုံကိုမပိတ်မီ ဆေးရုံပေါ်ရှိ လူနာအားလုံးကို အခြားဆေးရုံများသို့ တာဝန်ရှိသူများက ခွဲဝေပို့ဆောင်ပေးထားကြောင်း သိရသည်။

မိုင်ရီဘယ်လစ် တက္ကသိုလ် ဆေးရုံကြီးပိတ်ထားရမှုကြောင့် ဟေတီနိုင်ငံ၏ ယိုယွင်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခြေအနေပိုဆိုးလာနိုင်သည်။

၎င်းဆေးရုံသည် ခုတင် ၃၀၀ ဆံ့ ဆေးရုံဖြစ်ပြီး နေ့စဉ် နိုင်ငံတစ်ဝန်းမှ လူနာဦးရေ ၈၅၀ တို့ကို နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ဆေးရုံတစ်ရုံဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ