ရုရှား-ဘင်္ဂလားဒေ့ရှ် ရေတပ်စစ်ရေးလေ့ကျင့်မှု အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်

News Image

ရုရှား-ဘင်္ဂလားဒေ့ရှ် ရေတပ်စစ်ရေးလေ့ကျင့်မှု အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်

ရုရှားပစိဖိတ်ရေတပ် (Pacific Fleet) နှင့် ဘင်္ဂလားဒေ့ရှ် ရေတပ်တို့သည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (PASSEX) ကို အိန္ဒိယသမုဒ္ဒရာတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ရုရှားရေတပ်က ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါသည်။

ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ရုရှားဘက်က Rezky စစ်သင်္ဘော၊ Hero of the Russian Federation စစ်သင်္ဘော ၊ Alder Tsydenzhapov စစ် သင်္ဘောနှင့် Pechenga ရေနံတင် သင်္ဘောနှင့် ဘင်္ဂလားဒေ့ရှ်ဘက်က စစ် သင်္ဘောများဖြစ်သည့် BNS Umar Farooq၊   BNS Prottoy၊ BNS Durjoy တို့ ပါဝင်ပါသည်။

Victory Day ဒေါ်နယ်ထရမ့် တက်ရောက်မည် မဟုတ်

News Image

Victory Day ဒေါ်နယ်ထရမ့် တက်ရောက်မည် မဟုတ်

ရုရှားနိုင်ငံ မော်စကို၌ မေလ ၉ ရက်တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ (Victory Day) အခမ်းအနားသို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မည် မဟုတ်ကြောင်း ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီပက်စကိုဗ်က TASS သတင်းဌာနကို ပြောကြားလိုက် ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံ့အကြီးအကဲများနှင့် အစိုးရခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင်က ပြောကြားထားပြီး ဖြစ်ပါသည်။ ထို့ပြင် အခမ်းအနားသို့ ဂုဏ်ပြု တက်ရောက်လိုသူ မည်သူ့ကိုမဆို ရုရှားက ကြိုဆိုကြောင်း   ကရင်မလင် ပြောခွင့်ရက ဆက်လက်ပြောကြားထားပါသည်။

ရုရှား၏ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်း ဆိုင်းမဆင့် ဘုံမဆင့် လက်ခံလိုက်ရကြောင်း ပူတင်ပြောကြား

News Image

ရုရှား၏ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်း ဆိုင်းမဆင့် ဘုံမဆင့် လက်ခံလိုက်ရကြောင်း ပူတင်ပြောကြား

အီစတာပွဲတော်အတွက် ရုရှား၏ ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ယူကရိန်းဘက်က အစပိုင်းတွင် လက်မခံခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားတိုက်ရိုက်ဖိအားကြောင့် ထိုဆုံးဖြတ်ချက် ပြောင်းလဲခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဧပြီ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြား လိုက်ပါသည်။ 

“၎င်းတို့၏ပထမဆုံး တုံ့ပြန်မှုက မိမိတို့၏ အဆိုပြုချက်ကို “လူသားများ၏ အသက်များနှင့် ကစားနေသည့်လှည့်ကွက်” ဟု စွပ်စွဲပြီး အပြည့်အဝ ငြင်းပယ်ခဲ့သည်ကို အားလုံးမြင်ခဲ့ကြရပါကြောင်း” ပူတင်က ရှင်းပြခဲ့သည်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

News Image

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်း (မော်စကို စံတော်ချိန် နံနက် ၅:၃၅ ၊ မြန်မာစံတော်ချိန် နံနက် ၁၁:၀၅ အချိန်) တွင် အသက် ၈၈ အရွယ်၌ ကွယ်လွန်သွားကြောင်း ဗာတီကန်၏ သတင်း ထုတ်ပြန်ရေးဌာနက ကြေညာလိုက်ပါသည်။

ဖရန်စစ်သည် အီစတာပွဲတော်မတိုင်မီ နောက်ဆုံးအကြိမ်အဖြစ် ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်း လှေကားဆင်းတွင် ဝတ်ပြုသူများ ကို ကောင်းချီးပေးခဲ့သည်။