မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Tun Abdullah Bin Haji Ahmad Badawi ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်မှတ်ရေးထိုး

News Image

  • မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Tun Abdullah Bin Haji Ahmad Badawi ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်မှတ်ရေးထိုး

ရန်ကုန်   ဧပြီ    ၂၃

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Tun Abdullah Bin Haji Ahmad Badawi  သည်  ဧပြီလ ၁၄  ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၈၂ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံရုံးတွင် ဖွင့်လှစ်ထားရှိသော  ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် လက်မှတ်ရေးထိုးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားကြောင်း သတင်းစကားပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

H.E. Tun Abdullah Bin Haji Ahmad Badawi  သည် မလေးရှားနိုင်ငံ၏ ငါးဦးမြောက်ဝန်ကြီးချုပ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Source: Myawady Webportal