ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိသလို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ထွက်လမ်းမရှိကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးက စက္ကူဖြူစာတမ်း ထုတ်ပြန်

News Image

ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိသလို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ထွက်လမ်းမရှိကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက စက္ကူဖြူစာတမ်း ထုတ်ပြန်

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ဧပြီ ၉ ရက်တွင် “တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးဆိုင်ရာကိစ္စရပ်အချို့နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်” စက္ကူဖြူစာတမ်း ကို ထုတ်ပြန်ခဲ့ပြီး တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးဖြစ်ရပ်မှန်အား ရှင်းလင်းတင်ပြခဲ့ကာ သက်ဆိုင်ရာ အရေး ကိစ္စများအပေါ် တရုတ်နိုင်ငံ၏ မူဝါဒဆိုင်ရာ ရပ်တည်ချက်များကို ရှင်းလင်း ပြောကြားထားပြီး ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိသလို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ထွက်လမ်းမရှိကြောင်း ဖော်ပြထားသည်။

စစ်မြေပြင်သုံးစက်ရုပ်များ ပိုမိုရရှိလာမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဆို  

News Image

စစ်မြေပြင်သုံးစက်ရုပ်များ ပိုမိုရရှိလာမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဆို  

ရုရှားစစ်တပ်အတွက် ယခုနှစ်တွင် စစ်မြေပြင်သုံးစက်ရုပ်များ သိသိသာသာ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Andrey Belousov က ပြောကြားလိုက်ပါသည်။ 

ဧပြီလ ၈ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် အထူးစစ်ရေး လေ့ကျင့်မှုအတွေ့အကြုံကို ထည့်သွင်းတီထွင်ထားသော စစ်မြေပြင်သုံး စက်ရုပ်များအသုံးပြုနေမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ 

ထရမ့်၏ ၁၀၄ % အခွန်စည်းကြပ်မှုကို တုံ့ပြန်ရန် ပြင်းထန်သော အစီအမံများ ပြုလုပ်မည်ဟု တရုတ်ပြောကြား     

News Image

ထရမ့်၏ ၁၀၄ % အခွန်စည်းကြပ်မှုကို တုံ့ပြန်ရန် ပြင်းထန်သော အစီအမံများ ပြုလုပ်မည်ဟု တရုတ်ပြောကြား     

တရုတ်ကုန်ပစ္စည်းအပေါ် ဒေါ်နယ်ထရမ့်က အခွန် ၁၀၄ % အထိ စည်း ကြပ်မည့် အရေးယူမှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါသည်။

“မိမိတို့၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပြင်းထန်သည့် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း” Lin Jian က သတင်းစာရှင်းလင်းပွဲတွင် ထရမ့်၏ အခွန်မူဝါဒများအပေါ် မှတ်ချက်ပြု ပြောကြားလိုက်ပါသည်။

တရုတ်အပေါ် အခွန် ၁၀၄ % အထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော် အတည်ပြု

News Image

တရုတ်အပေါ် အခွန် ၁၀၄ % အထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော် အတည်ပြု

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ၁၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ကာရိုလိုင်းလီဗစ်ကသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား အတည်ပြု ပြောကြား လိုက်ပါသည်။ 

“ဧပြီ ၉ ရက် ညသန်းခေါင်ယံမှာ တရုတ်နိုင်ငံအပေါ် ၁၀၄% အခွန် စည်းကြပ်မှု အကျိုးသက်ရောက်မှု စတင်မည်ဖြစ်ပါသည်” ဟု လီဗစ်က ပြောကြားခဲ့သည်။ 

ကိုးကား- TASS/CNN