အမေရိကန်၏အခွန်စည်းကြပ်မှုအပေါ် မည်သည့်တုံ့ပြန်မှုအစီအမံမျှ ဆောင်ရွက်မည် မဟုတ်ကြောင်း အာဆီယံ ထုတ်ပြန်

News Image

အမေရိကန်၏အခွန်စည်းကြပ်မှုအပေါ် မည်သည့်တုံ့ပြန်မှုအစီအမံမျှ ဆောင်ရွက်မည် မဟုတ်ကြောင်း အာဆီယံ ထုတ်ပြန်

သွင်းကုန်များအပေါ် အခွန်စည်းကြပ်ရန် ဝါရှင်တန်၏ ဆုံးဖြတ်ချက်များ ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် လက်တုံ့ ပြန်မည့်အစီအမံချမှတ်မည်မဟုတ်ကြောင်း အမေရိကန်၏ အခွန်စည်း ကြပ်မှုဆိုင်ရာကိစ္စအပေါ် အာဆီယံ စီးပွားရေးဝန်ကြီးများ၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားပါသည်။

US သွင်းကုန်များအပေါ် ပထမအသုတ်အဖြစ် EU က ဧပြီ ၁၅ မှစ၍ အခွန်စည်းကြပ်မည်

News Image

US သွင်းကုန်များအပေါ် ပထမအသုတ်အဖြစ် EU က ဧပြီ ၁၅ မှစ၍ အခွန်စည်းကြပ်မည်

ဥရောပသမဂ္ဂကောင်စီက အမေရိကန်မှ ဥရောပသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ်ပထမအကြိမ်အဖြစ် အခွန်စည်းကြပ်ရန် စာရင်းကို အတည်ပြုလိုက်ပြီး လာမည့် ဧပြီလ ၁၅ ရက်မှစတင် ကျင့်သုံးမည် ဖြစ်ကြောင်း ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။

ဥရောပ၏ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်၏ အခွန် စည်းကြပ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပကော်မရှင် အကြံပြုချက် အရ ကုန်သွယ်ရေးအရေးယူမှုများ ပြုလုပ်ရန် ဥရောပအဖွဲ့ဝင်နိုင်ငံများက မဲပေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်အပေါ် ဗုံးကြဲရန် ထရမ့်၏ ခြိမ်းခြောက်မှု အလုပ်မဖြစ်နိုင်ကြောင်း ရုရှားပြောကြား

News Image

အီရန်အပေါ် ဗုံးကြဲရန် ထရမ့်၏ ခြိမ်းခြောက်မှု အလုပ်မဖြစ်နိုင်ကြောင်း ရုရှားပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အီရန်အပေါ် စစ်ရေးအရေးယူ ခြိမ်းခြောက်မှုများမှာ ငြိမ်းချမ်းရေး မရရှိနိုင်ကြောင်း၊ ဗုံးကြဲ တိုက်ခိုက် ခြင်းမှာ ပြဿနာကို မဖြေရှင်းနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Maria Zakharova က ဧပြီလ ၉ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။

ရုရှား-ဘင်္ဂလားဒေ့ရှ် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

News Image

ရုရှား-ဘင်္ဂလားဒေ့ရှ် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin နှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman တို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

ထိုသို့တွေ့ဆုံချိန် နှစ်နိုင်ငံအကြား ကာကွယ်ရေးနယ်ပယ်၌ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ တပ်မတော်များနှင့်ပြည်သူများအကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာ စေရန် အတူတကွ ဆန္ဒပြုကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။