နိုင်ငံသားနှစ်ဦးအား ယူကရိန်းစစ်ဆေးရေးအရာရှိများ၏ စစ်ဆေး မေးမြန်းမှု ဗီဒီယိုကိုထုတ်ပြန်

News Image

နိုင်ငံသားနှစ်ဦးအား ယူကရိန်းစစ်ဆေးရေးအရာရှိများ၏ စစ်ဆေး မေးမြန်းမှု ဗီဒီယိုကိုထုတ်ပြန်

ယူကရိန်းသမ္မတ Zelensky သည် ပထမဆုံးဖမ်းဆီးရမိသော တရုတ် နိုင်ငံသားနှစ်ဦးအား ယူကရိန်းစစ်ဆေးရေးအရာရှိများ၏ စစ်ဆေး မေးမြန်းမှု ဗီဒီယိုကိုထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ဗီဒီယို ဖိုင်ထဲတွင် တရုတ်နိုင်ငံသား ၂ ဦး၏ တရုတ် ပက်စပို့များ အပါအဝင် အထောက်အထားများကို ထုတ်ပြခဲ့ပါသည်။

ကိုးကား-အင်တာနက်စာမျက်နှာများ

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ထံမှ သံတမန်ရေးဆိုင်ရာပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များနှင့် လေးလေး နက်နက်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး ဒါချီယက်ဗ် က ပြောကြား

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ထံမှ သံတမန်ရေးဆိုင်ရာပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များနှင့် လေးလေး နက်နက်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး ဒါချီယက်ဗ် က ပြောကြားခဲ့သည်။

အဆိုပါအချက်သည် “နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် အဓိကအရေးပါသည်” ဟု ဧပြီ ၁၀ ရက်နေ့တွင် အစ္စတန်ဘူလ်မြို့၌ ကျင်းပမည့် ရုရှား-အမေရိကန် အလုပ်အမှုဆောင်အဆင့် အစည်းအဝေး မတိုင်မီ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသိမ္းသွားမည်

News Image

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဧပြီလ ၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုတွေ့ရှိရသည့် အင်းဝမြို့ဟောင်းရှိ ရေနန်းတော်ဟု ယူဆနေကြသော အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။

အမေရိကန် စိန်၊ ရွက်လှေ၊ သစ်သီးဖျော်ရည်နှင့် အခွံမာသီးများကို ဥရောပက အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မည်

News Image

အမေရိကန် စိန်၊ ရွက်လှေ၊ သစ်သီးဖျော်ရည်နှင့် အခွံမာသီးများကို ဥရောပက အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မည်

ဥရောပမှ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်က အခွန် စည်းကြပ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ တင်ပို့သော စိန်၊ ရွက်လှေ၊ သစ်သီးဖျော်ရည်နှင့် အခွံမာသီးများအပေါ် ဥရောပက အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် လုပ်ဆောင်နေကြောင်း RMF FM ရေဒီယိုဌာနက ပြောကြားထားပါသည်။