စစ်ကိုင်းပြတ်ရွေ့နှင့် သတိထားရမည့်အရာများ
News Image

လွန်ခဲ့သည့် မတ်လ(၂၈)ရက်က အင်အားရစ်ချ်တာစကေး (၇ ဒသမ ၇)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။ ပိတ်မိသူများကို ကယ်ထုတ်ရေး၊ သေဆုံးသူများကိုဖော်ယူရေး လုပ်ငန်း လုပ်ကိုင်နေကြသော ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း မအားလပ်နိုင်အောင် ဖြစ်နေ ကြရပြီဖြစ်သည်။ ထို့ပြင် နောက်ဆက်တွဲ ငလျင်များကလည်း ဆက်လှုပ်နေသေးရာ ပြည်သူများ အနေဖြင့် စိုးရိမ်စိတ်ဖြင့် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။ ယင်းဖြစ်စဉ်အားလုံး၏ မြစ်ဖျားခံ ရာသည်ကား မြန်မာနိုင်ငံ၏ အလယ်မှဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့၏ သဘာဝ၊ ဆိုးကျိုးများနှင့် သတိထားသင့်သည်များနှင့်ပတ်သ