စစ်မြေပြင်သုံးစက်ရုပ်များ ပိုမိုရရှိလာမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဆို
ရုရှားစစ်တပ်အတွက် ယခုနှစ်တွင် စစ်မြေပြင်သုံးစက်ရုပ်များ သိသိသာသာ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Andrey Belousov က ပြောကြားလိုက်ပါသည်။
ဧပြီလ ၈ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် အထူးစစ်ရေး လေ့ကျင့်မှုအတွေ့အကြုံကို ထည့်သွင်းတီထွင်ထားသော စစ်မြေပြင်သုံး စက်ရုပ်များအသုံးပြုနေမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။
ပြီးခဲ့သောနှစ်က ကာကွယ်ရေးလုပ်ငန်းနှင့် အခြားစေတနာရှင် အဖွဲ့ အစည်းများက ရုရှားစစ်တပ်သို့ စစ်မြေပြင်သုံး စက်ရုပ် ရာပေါင်းများစွာ ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ်မှာ အများကြီး ထပ်ထုတ်လုပ်ရန် စီစဉ်ထား ပါကြောင်း” ကာကွယ်ရေးဝန်ကြီးက ဆိုထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category