တရုတ်အပေါ် အခွန် ၁၀၄ % အထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော် အတည်ပြု
အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ၁၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ကာရိုလိုင်းလီဗစ်ကသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား အတည်ပြု ပြောကြား လိုက်ပါသည်။
“ဧပြီ ၉ ရက် ညသန်းခေါင်ယံမှာ တရုတ်နိုင်ငံအပေါ် ၁၀၄% အခွန် စည်းကြပ်မှု အကျိုးသက်ရောက်မှု စတင်မည်ဖြစ်ပါသည်” ဟု လီဗစ်က ပြောကြားခဲ့သည်။
ကိုးကား- TASS/CNN
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category