ထိုင်း ဆန်ညီလာခံ-၂၀၂၅ ကျင်းပမည်

News Image

ထိုင်း ဆန်ညီလာခံ-၂၀၂၅ ကျင်းပမည်

ထိုင်းနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုများ အောင်မြင်စေရန်နှင့် ဘတ်ငွေ ၂ ဘီလီယံအထိ မှာယူ တင်ပို့မှုများ ရရှိစေရန် ရည်ရွယ်၍ ထိုင်းဆန်ညီလာခံ-၂၀၂၅(Thailand Rice Convention 2025) ကို မေလ နောက်ပိုင်းပတ်တွင် ကျင်းပရန် စီစဉ်နေပါသည်။

အခွန်မက်လုံးပေးမည့် အစီအစဉ် ထိုင်းဆုံးဖြတ်မည်

News Image

အခွန်မက်လုံးပေးမည့် အစီအစဉ် ထိုင်းဆုံးဖြတ်မည်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အခွန်မူဝါဒကြောင့် ထိခိုက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ဆိုင်ရာ မက်လုံးအသစ်များပေးရန် အစီအစဉ်ကို လာမည့်အပတ်တွင် ဆုံးဖြတ်မည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။  အဆိုပါအစည်းအဝေးကို ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ဖီချိုင်း ချန်ဟာဝီဇရာ ဦးဆောင်မည့် မေလ ၁၉ ရက်နေ့တွင် ကျင်းပမည့် BoI ဘုတ်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးသွားကြပါမည်။ အခွန်နှင့်အခွန်တိုးများကို အသေးစိတ်ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံသူများ ကုန်သွယ်မှု အခွန်ပြဿနာကို ဖြေရှင်းနိုင်ရန် ကူညီမည့်နည်းလမ်းများ ရှာဖွေမည်ဟု BoI အထွေထွေ အတွင်းရေးမှူး နာရိတ် သာဒီရာဆူဒီက ပြောကြားထား ပါသည်။

ရုရှား၏ ကာကွယ်ရေးအစီအစဉ် (၂၀၂၁ -၂၀၂၅ ခုနှစ်) ကို ပူတင် ရုတ်တရက် ၂ နှစ် သက်တမ်းတိုး

News Image

ရုရှား၏ ကာကွယ်ရေးအစီအစဉ် (၂၀၂၁ -၂၀၂၅ ခုနှစ်) ကို ပူတင် ရုတ်တရက် ၂ နှစ် သက်တမ်းတိုး

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် ရုရှား၏ ကာကွယ်ရေးအစီအစဉ်ကို နှစ်နှစ်တိုးရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို မေလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။ 

“၂၀၂၁-၂၀၂၅” ဟူသော စကားလုံးကို “၂၀၂၁-၂၀၂၇” ဟု အစားထိုးရမည်ဟု အမိန့်တွင် ဖော်ပြထားပါသည်။ အဆိုပါ ၂၀၂၁-၂၀၂၅ ခုနှစ် အတွက် ကာကွယ်ရေးအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။ 

ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်

News Image

ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်

ဟားမက်လက်အောက်ရှိ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်သည်မှာ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းတွင် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်ဟု ဆိုသည်။

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းများ၏အဆိုအရ သောကြာနေ့ (မေ ၁၆) နံနက်စောစောပိုင်းတွင် အစ္စရေးတပ်များက ကြည်း/ရေ/လေ ပူးပေါင်း တိုက်ခိုက်မှုကြီး စတင်ခဲ့သည်ဟု သိရပြီး အစ္စရေးစစ်ဘက်မှ ယခုအချိန်ထိ တုံ့ပြန်ပြောဆိုမှု မရှိသေးပေ။