ရုရှား၏ ကာကွယ်ရေးအစီအစဉ် (၂၀၂၁ -၂၀၂၅ ခုနှစ်) ကို ပူတင် ရုတ်တရက် ၂ နှစ် သက်တမ်းတိုး
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် ရုရှား၏ ကာကွယ်ရေးအစီအစဉ်ကို နှစ်နှစ်တိုးရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို မေလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။
“၂၀၂၁-၂၀၂၅” ဟူသော စကားလုံးကို “၂၀၂၁-၂၀၂၇” ဟု အစားထိုးရမည်ဟု အမိန့်တွင် ဖော်ပြထားပါသည်။ အဆိုပါ ၂၀၂၁-၂၀၂၅ ခုနှစ် အတွက် ကာကွယ်ရေးအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။
ရုရှား၏ ပထမဆုံးသော ကာကွယ်ရေးအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြုခဲ့ပါသည်။ ယင်းအစီအစဉ်တွင် နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် ခြိမ်းခြောက်မှု များကို ဖော်ပြထားပြီး တပ်မတော်ဖွံ့ဖြိုးရေး၊ လက်နက်ကိရိယာပရိုဂရမ်များ အကောင်အထည်ဖော်ခြင်းနှင့် စစ်ရေးအရ ပြင်ဆင်မှုများနှင့် နယ်မြေကာကွယ်ရေးတို့ကဲ့သို့သော အခြေခံကျသည့် နယ်ပယ်များတွင် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃