PaperMatte display နဲ့အတူ ထွက်ပေါ်လာတဲ့ Huawei ရဲ့ MatePad Pro 12.2"

News Image

PaperMatte display နဲ့အတူ ထွက်ပေါ်လာတဲ့ Huawei ရဲ့ MatePad Pro 12.2"

Huawei ကုမ္ပဏီက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ပွဲလေးတစ်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာအဓိက ထုတ်ဖော်ကြေညာသွားတာက နောက်ဆုံးပေါ် လက်ပတ်နာရီတွေ ဖြစ်ပေမယ့် တက်ဘလက်အမျိုးအစား အသစ်တစ်မျိုးနဲ့အတူ ကြိုးမဲ့နားကြပ်များ ကိုလည်း မိတ်ဆက်သွားတာ တွေ့ရှိရပါတယ်။

သူတို့မိတ်ဆက်သွားတဲ့ တက်ဘလက် အမျိုးအစားက Mate Pad ပါ။ နာမည်အပြည့်အစုံကတော့ Mate Pad Pro 12.2" ဖြစ်ပါတယ်။ ဒီတက်ဘလက်ကို ပြီးခဲ့တဲ့ နှစ်နွေရာသီမှာထွက်ပေါ်လာတဲ့ တက်ဘလက်ရဲ့ နောက်ထပ်မျိုးဆက်သစ်လို့ ခေါ်ရမှာပါ။

ဂျပန်တို့ရဲ့ Kei ကား‌ဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းလာတဲ့ BYD

News Image

ဂျပန်တို့ရဲ့ Kei ကား‌ဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းလာတဲ့ BYD

BYD ကုမ္ပဏီက ဂျပန်နိုင်ငံရဲ့  အထင်ကရ ကားဈေးကွက်တစ်ခုဖြစ်တဲ့ Kei ဆို တဲ့ကားဈေးကွက်ထဲလှမ်းဝင်နိုင်ဖို့ကို ခြေ လှမ်းပြင်ထားပါပြီ။ Kei ကားဆိုတာက အသေးစားကားလေးတွေပါ။ ဒီကားတွေ နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ကလည်း တင်းကျပ်မှုရှိပါတယ်။ Kei ကား တစ်စီးလို့သတ်မှတ်ခံရဖို့အတွက် အလျား ၃၄၀ စင်တီမီတာ၊ အနံ ၁၄၈ စင်တီမီတာ နဲ့အမြင့် ၂၀၀ စင်တီမီတာကိုမကျော်ရပါ ဘူး။ မြင်းကောင်ရေ အားကလည်း ၆၄ ကောင်အားကိုမကျော်ရပါဘူး။

စွမ်းအင်သိုလှောင်မှုအားပြိုင်ပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့ သွပ်-လေ ဘက်ထရီ

News Image

စွမ်းအင်သိုလှောင်မှုအားပြိုင်ပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့ သွပ်-လေ ဘက်ထရီ

ဒီကနေ့ခေတ်ဟာ စွမ်းအင်သိုလှောင် မှုပစ္စည်းတွေဖြစ်တဲ့ ဘက်ထရီတွေကို သူ့ထက်ငါအပြိုင်အဆိုင် နည်းပညာတွေ မြှင့်တင်ပြီး တိုးတက်ထုတ်လုပ်လာနေ တာတွေ့ရပါတယ်။ လက်ရှိခေတ်အစားဆုံး ဘက်ထရီအမျိုးအစားက လီသီယံ အိုင်းယွန်းဘက်ထရီပါ။ ဒါပေမဲ့ အဲဒီဘက်ထရီကိုစိန်ခေါ်မယ့် ဘက်ထရီတစ်မျိုး ထွက်ပေါ်လာတာကို တွေ့ရှိရပါတယ်။ သူကတော့သွပ်နဲ့ လေကိုပေါင်းစပ်အသုံးပြုတဲ့ သွပ်-လေဘက်ထရီပဲ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံက လေထဲကနေ အောက်ဆီဂျင်ကိုစုပ်ယူတယ်။ ပြီးတဲ့အခါ  သွပ်နဲ့ဓာတ်ပြုတယ်။ အဲဒီကနေမှ လျှပ်စစ်စွမ်းအင် ထွက်လာတာပါ။

Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်

News Image

Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်

Aston Martin  ဆိုတာ  တကယ့်ကို ဇိမ်ခံကားတွေထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ တစ်ခုပါ။ အလားတူပဲ Apple ဆို တာကလည်း နည်းပညာပိုင်းမှာ နာမည် ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခု သူတို့နှစ်ဦးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့အရာကတော့ CarPlay Ultra ပါပဲ။ အဲဒါကဘာလဲဆိုရင် မျိုးဆက်သစ်ဖျော်ဖြေ အသိပေးစနစ်ပဲဖြစ်ပါတယ်။

ဒီစနစ်က Apple ကအရင်ကြေညာထားတဲ့အတိုင်းပဲ တပ်ဆင်မယ့်ယာဉ်ရဲ့ စနစ်တွေနဲ့ အတွင်းကျကျကို ချိတ်ဆက်ထားပါတယ်။သူ့မှာ စနစ်ရဲ့မျက်နှာပြင် ကိုကိုယ့်စိတ်ကြိုက်ထားနိုင်ရုံသာမကဘဲ ဖျော်ဖြေရေး ဖန်သားပြင်ကိုလည်း စိတ် ကြိုက်ပြုပြင်နိုင်မှာပါ။