ရှီကျင့်ဖျင်နှင့် ချီလီနိုင်ငံ သမ္မတ Gabriel Boric တွေ့ဆုံဆွေးနွေး
News Image

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးများအစည်းအဝေး တက်ရောက်သော ချီလီနိုင်ငံ သမ္မတ Gabriel Boric နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ မေ ၁၄ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က ယခုနှစ်သည် တရုတ်-ချီလီ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်မြောက် ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။