မြေငလျင်သတင်း

News Image

မြေငလျင်သတင်း

၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၀)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၅၁) မိုင်ခန့် ကွာဝေးသော (Myanmar-China Border Region)၊ မြောက်လတ္တီတွဒ် (၂၅.၁၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၁၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ 

ကိုးကား- မိုးဇလ

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိ

News Image

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိ

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၆ ရက်အထိ သေဆုံးသူ ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၂ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

တံတားဦးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade - 1 မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

News Image

တံတားဦးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade - 1 မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစာစစ်) စာမေးပွဲဖြေဆိုထားကြသည့်Grade-1 မှ Grade-11 အထိ ကျောင်းသား/သူများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၅ ရက်နေ့၊ နံနက် (၆) နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာထားကြောင်းသိရသည် ။

အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး သဘောတူညီချက် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ လက်မှတ်ရေးထိုး

News Image

အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး သဘောတူညီချက် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံနီးပါး တန်ဖိုးရှိသော လက်နက်ရောင်းချရေး သဘောတူညီချက်ကို မေ ၁၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း အမေရိကန် အိမ်ဖြူတော်က အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။