Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်
Aston Martin ဆိုတာ တကယ့်ကို ဇိမ်ခံကားတွေထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ တစ်ခုပါ။ အလားတူပဲ Apple ဆို တာကလည်း နည်းပညာပိုင်းမှာ နာမည် ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခု သူတို့နှစ်ဦးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့အရာကတော့ CarPlay Ultra ပါပဲ။ အဲဒါကဘာလဲဆိုရင် မျိုးဆက်သစ်ဖျော်ဖြေ အသိပေးစနစ်ပဲဖြစ်ပါတယ်။
ဒီစနစ်က Apple ကအရင်ကြေညာထားတဲ့အတိုင်းပဲ တပ်ဆင်မယ့်ယာဉ်ရဲ့ စနစ်တွေနဲ့ အတွင်းကျကျကို ချိတ်ဆက်ထားပါတယ်။သူ့မှာ စနစ်ရဲ့မျက်နှာပြင် ကိုကိုယ့်စိတ်ကြိုက်ထားနိုင်ရုံသာမကဘဲ ဖျော်ဖြေရေး ဖန်သားပြင်ကိုလည်း စိတ် ကြိုက်ပြုပြင်နိုင်မှာပါ။
သူ့မှာ ကားရဲ့အသံပိုင်းစနစ်၊ အပူအအေးစနစ်တို့ကို အပြည့်အဝချိန်ညှိနိုင်တဲ့ အပြင် ကားရဲ့လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ တခြားလုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။
လက်ရှိမှာတော့ ကီယာ၊ ဟွန်ဒေး၊ ပေါ်ရှေးနဲ့ ဂျန်နီဆစ်တို့က ဒီစနစ်ကို တပ်ဆင်လိုတယ်လို့ Apple က ဆိုပါတယ်။ လတ်တလောဆိုရင် Aston Martin ကား တချို့မှာပဲရဦးမှာပါ။
နည်းပညာသတင်း
Source: https://myawady.net.mm/