ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းလျက်ရှိ
News Image

ယခုအခါ ပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိသလို ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် လက်ရှိတွင် တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းနေခြင်းဖြစ်သည်ဟုဆိုသည်။