တံတားဦးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade - 1 မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

News Image

  • တံတားဦးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade - 1 မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစာစစ်) စာမေးပွဲဖြေဆိုထားကြသည့်Grade-1 မှ Grade-11 အထိ ကျောင်းသား/သူများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၅ ရက်နေ့၊ နံနက် (၆) နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာထားကြောင်းသိရသည် ။

တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) စာမေးပွဲ ဖြေဆိုထားသည့် Grade-1 မှ Grade-11အထိ ကျောင်းသား/သူများ၏ စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ ကျောင်းသား ၊ ကျောင်းသူများက မိမိတို့ အမည်များ ပါ ၊ မပါ လာရောက် ကြည့်ရှုကြကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှသိရသည် ။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း (၉) ကျောင်း ၊ စုစုပေါင်း (၁၃၀) ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူ ရာနှုန်းပြည့် အောင်မြင်ကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန် /ဆက်)