ကက်ရှ်မီးယားဒေသ တင်းမာမှုများကို လျှော့ချကြရန် အိန္ဒိယနှင့် ပါကစ္စတန်ကို ကုလသမဂ္ဂ တိုက်တွန်း

News Image

ကက်ရှ်မီးယားဒေသ တင်းမာမှုများကို လျှော့ချကြရန် အိန္ဒိယနှင့် ပါကစ္စတန်ကို ကုလသမဂ္ဂ တိုက်တွန်း

အိန္ဒိယက ထိန်းချုပ်ထားသည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း သေနတ်သမားများက ကမ္ဘာလှည့် ခရီးသွားများအပေါ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့်အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂက နှစ်နိုင်ငံအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းတောင်းဆိုလျက်ရှိသည်။

ဆီးရီးယား တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကပြော

News Image

ဆီးရီးယား တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကပြော

ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က မေလ ၁ ရက် နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းက သမ္မတ ဘာရှာအယ်လ်အာဆပ် အစိုးရပြုတ်ကျပြီးနောက် ဆီးရီးယားကို ကြားဖြတ်အစိုးရအဖွဲ့က အုပ်ချုပ်လျက်ရှိသည်။

တရုတ်အနေဖြင့် ဈေးကွက်တွင် ဈေးလျှော့၍ ရောင်းချမည်မဟုတ်ကြောင်း အိန္ဒိယဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

News Image

တရုတ်အနေဖြင့် ဈေးကွက်တွင် ဈေးချရောင်းချမည် မဟုတ်ကြောင်း အိန္ဒိယဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးနှင့် အကောက်ခွန်စစ်ပွဲကြောင့် မိမိကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ ဈေးချရောင်းချမည်မဟုတ်ကြောင်း အိန္ဒိယသတင်းစာ Indian Express တွင် ရေးသားထားသော ဆောင်းပါးတစ်ပုဒ်တွင် တရုတ်သံအမတ်ကြီး Xu Feihong က ပြောကြားထားပါသည်။

အိမ်နီးချင်းများကို အစောကြီး အိပ်ရာထခိုင်းသည့် ကြက်ဖ၏ ပိုင်ရှင် ဒဏ်ရိုက်ခံရ

News Image

အိမ်နီးချင်းများကို အစောကြီး အိပ်ရာထခိုင်းသည့် ကြက်ဖ၏ ပိုင်ရှင် ဒဏ်ရိုက်ခံရ

အိမ်နီးချင်းများကို မိုးသောက်ယံ၊ နံနက် ၅ နာရီ အိပ်ရာထရန် နှစ်ပေါင်းများစွာ နှိုးဆွမြည်တွန်ပေးခဲ့သည့် ကြက်ဖအား ပိုင်ဆိုင်သူ Harold Brown ကို ပတ်ဝန်းကျင် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု စွဲချက်တင်ကာ ဒဏ်ကြေး ပေါင် ၄,၀၀၀ နီးပါး ပေးဆောင်ရန် တရားရုံးက အမိန့် ချမှတ်လိုက်ပါသည်။