အိမ်နီးချင်းများကို အစောကြီး အိပ်ရာထခိုင်းသည့် ကြက်ဖ၏ ပိုင်ရှင် ဒဏ်ရိုက်ခံရ

News Image

  • အိမ်နီးချင်းများကို အစောကြီး အိပ်ရာထခိုင်းသည့် ကြက်ဖ၏ ပိုင်ရှင် ဒဏ်ရိုက်ခံရ

အိမ်နီးချင်းများကို မိုးသောက်ယံ၊ နံနက် ၅ နာရီ အိပ်ရာထရန် နှစ်ပေါင်းများစွာ နှိုးဆွမြည်တွန်ပေးခဲ့သည့် ကြက်ဖအား ပိုင်ဆိုင်သူ Harold Brown ကို ပတ်ဝန်းကျင် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု စွဲချက်တင်ကာ ဒဏ်ကြေး ပေါင် ၄,၀၀၀ နီးပါး ပေးဆောင်ရန် တရားရုံးက အမိန့် ချမှတ်လိုက်ပါသည်။

New Forest ခရိုင်ကောင်စီ (NFDC) က Brown ၏ ကြက်ဖသည် ပတ်ဝန်းကျင် လက်မခံနိုင်သော ဆူညံသံများ ဖန်တီးခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် Hampshire ရှိ Brown ၏ နေအိမ်အနီး နေထိုင်သည့် အိမ်ထောင်စု ၈ စု ၏ စတင် တိုင်ကြားမှုများအပေါ် အဆင့်ဆင့် စစ်ဆေးလာရာ အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

“မိမိ၏ ကြက်ဖအသံက ၎င်း၏ပင်ကို သဘာဝအသံသာဖြစ်ပြီး ကျေးလက်နေထိုင်မှုအစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်” ဟု Brown က ခုခံပြောဆို ခဲ့သော်လည်း တရားရုံးက ဆူညံသံသည် ဥပဒေအရ လွန်ကဲနေသည်ဟု ယူဆခဲ့ပါသည်။ 

ထို့ပြင် Brown အနေဖြင့် ကြက်ဖအား နံနက် ၇ နာရီအထိ သီးသန့်နေရာ တွင်ထားရန် သို့မဟုတ် အသံကာကွယ်သည့် အဆောက်အဦဆောက်ရန် အကြံပြုခံခဲ့ရပါသည်။

ကိုးကား- The Guardian 

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃