မေလ ၅ ရက်မှစ၍ Skype ဝန်ဆောင်မှု ရှိတော့မည်မဟုတ်

News Image

မေလ ၅ ရက်မှစ၍ Skype ဝန်ဆောင်မှု ရှိတော့မည်မဟုတ်

Skype ပလက်ဖောင်းသည် မေလ ၅ ရက်မှစ၍ အလုပ်လုပ်တော့မည်မဟုတ်ကြောင်း Microsoft နည်းပညာအထောက်အပံ့ဝက်ဘ်ဆိုက်တွင် ကြေညာထားပါသည်။ 

အစောပိုင်းက Skype အား မေလတွင် အထောက်အပံ့ပေးခြင်း ရပ်ဆိုင်းမည်ဖြစ်ပြီး အသုံးပြုသူများ၏ အကောင့်များကို Microsoft Teams ဝန်ဆောင်မှုသို့ ပြောင်းရွှေ့ပေးသွားမည်ဟု ကုမ္ပဏီကပြောကြားထားပါသည်။

Skype ဝန်ဆောင်မှုကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး Microsoft က ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ပါသည်။

ကိုးကား- TASS

Victory Day အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ဘယ်လာရုစ် အထက်လွှတ်တော် အတည်ပြု

News Image

Victory Day အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ဘယ်လာရုစ် အထက်လွှတ်တော် အတည်ပြု

ဘယ်လာရုစ် အမျိုးသားညီလာခံ၏ အထက်လွှတ်တော်ဖြစ်သော ကောင်စီအဖွဲ့သည် Great Patriotic War အောင်ပွဲ၏ ၈၀နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းအား အတည်ပြုလိုက် ကြပါသည်။ 

ထိုဥပဒေကြမ်းအရ အကျဉ်းသား စုစုပေါင်း ၈,၀၀၀ နီးပါးခန့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဟု မျှော်မှန်းရကြောင်း ပြည်ထဲရေးဝန်ကြီး Ivan Kubrakov က အထက်လွှတ်တော်အမတ်များထံ ဥပဒေကြမ်းကို တင်ပြ ရာတွင် ပြောကြားခဲ့ပါသည်။

အများပြည်သူဆိုင်ရာ ရုပ်သံထုတ်လွှင့်ဌာနများအတွက် ဖက်ဒရယ်ရန်ပုံငွေကို အမေရိကန်သမ္မတ အဆုံးသတ်မည်

News Image

အများပြည်သူဆိုင်ရာ ရုပ်သံထုတ်လွှင့်ဌာနများအတွက် ဖက်ဒရယ်ရန်ပုံငွေကို အမေရိကန်သမ္မတ အဆုံးသတ်မည်

အမေရိကန်သမ္မတ Donald Trump က National Public Radio (NPR) နှင့် Public Broadcasting Service (PBS) တို့သည် ဘက်လိုက်သည် ဟု ဆိုကာ အဆိုပါဌာနများအတွက် ဗဟိုအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှု အဆုံးသတ်ရေး သမ္မတ၏ အထူးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ကြာသပတေးနေ့ (မေ ၁) တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ သမ္မတ အမိန့်တွင် အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ကော်ပိုရေးရှင်းနှင့် ဗဟိုအစိုးရ ဌာနနှင့် အေဂျင်စီ အားလုံးအနေဖြင့် ၎င်းရုပ်သံလွှင့်ဌာနနှစ်ခုကို ရန်ပုံငွေ ပေးအပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားထားပါသည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လွှဲပြောင်းပေးခဲ့

News Image

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လွှဲပြောင်းပေးခဲ့

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က မေ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။