စင်ကာပူနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုစတင်

News Image

စင်ကာပူနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုစတင်

စင်ကာပူ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို မေ ၃ ရက် နံနက် ၈ နာရီတွင် တရားဝင် စတင်ခဲ့သည်။ စင်ကာပူနိုင်ငံ ၁၅ ကြိမ်မြောက် လွှတ်တော်အမတ် ရွေးချယ်ရန်အတွက် မဲဆန္ဒရှင် ၂.၆ သန်းကျော်သည် မဲရုံပေါင်း ၁,၂၄၀ ခုသို့ သွားရောက်၍ မဲပေးလျက်ရှိသည်။ ယခုအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၁၁ ဦးက လွှတ်တော် အမတ်နေရာ ၉၇ ခုကို ယှဉ်ပြိုင်ရယူကြမည်ဖြစ်သည်။ မဲပေးချိန်သည် နံနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး ယင်းနောက် မဲများကို ရေတွက်မည်ဖြစ်သည်။ အဆိုပါနေ့ ညပိုင်းတွင် ရွေးကောက်ပွဲ အရာရှိ Han Kok Juan က မဲဆန္ဒနယ် တစ်ခုစီ၏ ရလဒ်များကို ဆက်တိုက် ကြေညာသွားမည်ဖြစ်သည်။

ကျူးဘား-တရုတ် ဆက်ဆံရေးက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ ဆို

News Image

ကျူးဘား-တရုတ် ဆက်ဆံရေးက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ ဆို

ကျူးဘားနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ် တာကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး အမြဲတစေ တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ရာ ယခုအချိန်အခါသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ မီဂဲလ် ဒီရပ်စ်-ကနဲလ်က မေ ၂ ရက်တွင် ဟာဗားနားမြို့၌ ပြောကြားခဲ့သည်။

ဇီလန်စကီးက မော်စကို၏ အောင်ပွဲနေ့အခမ်းအနားသို့တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များကို ခြိမ်းခြောက်

News Image

ဇီလန်စကီးက မော်စကို၏ အောင်ပွဲနေ့အခမ်းအနားသို့တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များကို ခြိမ်းခြောက်

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက မော်စကို၌ကျင်းပမည့် မေလ ၉ ရက် အောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည့် ကမ္ဘာ့ ခေါင်းဆောင်များ၏ ဘေးကင်းလုံခြုံမှုကို ကတိမပေးနိုင်ကြောင်း သတိပေးခဲ့ပါသည်။ ထို့အပြင် ရုရှား၏ အောင်ပွဲနေ့ စစ်ပြေငြိမ်းရေး အဆိုပြုချက်ကိုလည်း “ပြဇာတ်တစ်ပုဒ်” ဟု ပစ်ပယ်ပြောဆိုခဲ့ပါသည်။

မော်တော်ယာဥ် အစိတ်အပိုင်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ပြည်ထောင်စု ချမှတ်

News Image

မော်တော်ယာဥ် အစိတ်အပိုင်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ပြည်ထောင်စု ချမှတ်

အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့သည် မော်တော်ယာဉ် အင်ဂျင်နှင့် ဂီယာများအပါအဝင် အဓိက ကားပစ္စည်းအစိတ်အပိုင်းများအပေါ် နောက်ထပ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပါသည်။

ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံခြားထုတ်မော်တော်ယာဉ်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပြီးနောက် မကြာမီ စနေနေ့ (မတ်လ ၃) UTC စံတော်ချိန် ၄း၀၀ နာရီတွင် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။