အီရန်နှင့်ပတ်သက်နေသောနိုင်ငံများကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

News Image

အီရန်နှင့်ပတ်သက်နေသောနိုင်ငံများကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်း‌များကို ဆက်လက်ဝယ်ယူနေသော နိုင်ငံများသည် ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန် နှင့် အီရန်အကြားဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်က “အီရန်နှင့် ရေနံကုန်သွယ်မှုများ လုပ်ဆောင်နေသည့် မည်သည့် နိုင်ငံကိုမဆို အမေရိကန်နိုင်ငံနှင့် စီးပွားရေးလုပ်ရန် ခွင့်ပြုမည် မဟုတ်ပါ။ အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်းများ ဝယ်ယူမှု အားလုံး ကို ချက်ချင်းရပ်တန့်ရပါမ

အီရန်မှ ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများ ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်ထုတ်ပြန်

News Image

အီရန်မှ ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများ ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်ထုတ်ပြန်

အီရန်နိုင်ငံမှ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများသည် ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် ရေးထားသည်။

အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အမေရိကန်အစိုးရက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

အကယ်၍ အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်များကို စစ်ဘက်အတွက်အသုံးမပြုရန်ဆန္ဒရှိကြောင်း အီရန်အစိုးရက ပြောထားသည်။

သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းမှု တရုတ်စဉ်းစား

News Image

သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းမှု တရုတ်စဉ်းစား

သွင်းကုန်အခွန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းလာမှုကို စဉ်းစားသုံးသပ်နေကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက် တွင်ပြောသည်။

အမေရိကန်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူများက သွင်းကုန်အခွန်ကိစ္စကိုတရုတ်နှင့်ဆွေးနွေးလိုသည်ဟု တိုက်ရိုက်မဟုတ်ဘဲ ကြားလူမှတစ်ဆင့်ပြောဆိုချဉ်းကပ်လာခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယက ပါကစ္စတန်နှင့်ပတ်သက်သောလေယာဉ်များအားလုံးကို ဝေဟင်အသုံးပြုခွင့်တားမြစ်

News Image

အိန္ဒိယက ပါကစ္စတန်နှင့်ပတ်သက်သောလေယာဉ်များအားလုံးကို ဝေဟင်အသုံးပြုခွင့်တားမြစ်

နယူးဒေလီ၊ ဆက်ဆံရေး

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့်ပတ်သက်သော လေယာဉ်များကို ဝေဟင်အသုံး ပြုခွင့်တားမြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါလေယာဉ်များတွင် စစ်သုံးလေယာဉ်များလည်းပါဝင်သည်။ ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံအတွက် ဝေဟင်ကိုအသုံးပြုခွင့်တားမြစ်ခြင်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ပါကစ္စတန်အစိုးရကအိန္ဒိယနိုင်ငံမှ   လေယာဉ်များအတွက် ဝေဟင်အသုံးပြုခွင့်ကို တားမြစ်ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။